ကဆုန်ညောင်ရေသွန်းပွဲတော်ဟုဆိုလျှင် ငယ်စဉ်က ညောင်ရေအိုးလေးများကို ကိုင်ပြီး ဘုရားစေတီများရှိ ညောင်ပင်များကို သွန်းလောင်းခဲ့ကြသည်ကို အမှတ်ရကြမည်ဟု ထင်ပါသည်။အလွန်ပင် ပျော်စရာကောင်း ချစ်စရာကောင်းသည် ဗုဒ္ဓဘာသာဝင်တို့၏ ဘာသာရေးပွဲတော်တစ်ခုပင်ဖြစ်သည်။
ယနေ့သည် မိမိတို့ဗုဒ္ဓဘာသာဝင်တို့၏ ကဆုန်လပြည့်၊ကဆုန်ညောင်ရေသွန်းသည့် နေ့ထူးနေ့မြတ်ဖြစ်သည်။ကဆုန်လပြည့် ကဆုန်ညောင်ရေသွန်ပွဲတော်ကျင်းပသည့်နေ့ကို နိုင်ငံတကာတွင် ဗုဒ္ဓဘာသာ နိုင်ငံများတွင် ဗုဒ္ဓနေ့ဟူ၍လည်းကောင်း၊ဗုဒ္ဓမွေးနေ့ဟူ၍လည်း လူသိများကြပါသည်။ဗုဒ္ဓနေ့(မြန်မာတွင် ကဆုန်ညောင်ရေသွန်းပွဲတော်)ကို ဗုဒ္ဓဘာသာအများဆုံးရှိသည့် အရှေ့အာရှတွင်လည်းကျင်းပလေ့ရှိပါသည်။
ဗုဒ္ဓနေ့ကို သီရိလင်္ကာ၊အိန္ဒိယ၊ထိုင်း၊နီပေါ၊လာအို၊ ကမ္ဘောဒီးယား၊တရုတ်၊မြောက်ကိုရီးယား၊တောင်ကိုရီးယား၊ဂျပန် စသော နိုင်ငံများတွင်လည်း ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်များ၌ ကျင်းပကြောင်းလေ့လာမှတ်သားရပါသည်။ သို့သော် ရိုးရာပြက္ခဒိန်များအရ ကျင်းပသည့်ရက်ကွာဟမှုများလည်းရှိပါသည်။ ကဆုန်လပြည့်သည့် ဗုဒ္ဓဘာသာဝင်တို့အတွက် အလွန်ပင်မြင့်မြတ်သည့်နေ့တနေ့ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဗုဒ္ဓမြတ်စွာဘုရားရှင်သည် ကဆုန်လပြည့်နေ့တွင်ပင် မဟာဗောဓိညောင်ပင်အောက်၌ ဖွားမြင်ခဲ့သည်။သဗ္ဗညုတဉာဏ်ကို ရရှိတော်မှုခဲ့သည်။ဘုရားဖြစ်မည်ဟု ဗျာဒိတ်တော်ပေးခဲ့သည်။ ပရိနိဗ္ဗာန်စံခဲ့သည်။ ထို့ကြောင့် ဗုဒ္ဓဘာသာဝင်များက ကဆုန်လပြည်နေ့ကို နေ့ထူးနေ့မြတ်အဖြစ်သတ်မှတ်ကာ မဟာဗောဓိညောင်ပင်အား ညောင်ရေသွန်းလောင်ခြင်း၊ ညောင်ကိုင်းထောက်ခြင်း၊ကောင်းမှုကုသိုလ်များပြုလုပ်ခြင်းစသည့် ကောင်းမှုကိစ္စများကို ပြုမှုကြသည်မှာ သာဓုခေါ်စရာပင်ဖြစ်ပါသည်။
ထို့ပြင် အခြားအာရှိနိုင်ငံများတွင်လည်း မိမိတို့ရိုးရာဓလေ့အလျောက် ဘုရားကျောင်းကန်များတွင် ကောင်းမှုကုသိုလ်များပြုကြသည်ကို တွေ့ရပါသည်။ထို့ကြောင့် ဗုဒ္ဓဘာသာသူတော်စင်တို့၏ ကဆုန်ညောင်ရေသွန်းပွဲ နေ့ထူးနေ့မြတ်တွင် ကောင်းမှုကုသိုလ်များ ပြုကြစေကြောင်း နိဗ္ဗာန်ကိုရည်မှန်း၍ နိုးဆော်လိုက်ရပါသည်။
written by @mgtoetat
photos from google
MSC-073
post on busy