စာများများဖတ်ကြရန်လိုပါသည်

Words
113
Reading
1 min
Listen
Play
8y

894E7FDC-A84C-4BEA-AB44-B3D62E634E68.jpeg

အားလုံးသိကြသည့်အတိုင်းပင် မိမိတို့ Myanmar steemit community သည် steemit တွင် ဝတ္ထုတိုများ၊ဆောင်းပါးတိုများ၊အပိုင်းလိုက် ဆောင်းပါးရှည်များ၊အပိုင်းလိုက် ဝတ္ထုရှည်များ ပိုစ်တင်ခြင်းဖြင့် promotion နှင့် အဖွဲ့ဝင် member အချင်းချင်း voting ရယူနေကြသည်မဟုတ်ပါလား။ထို့သို့ ပိုစ်များတင်ရာတွင် ဝတ္ထု၊ဆောင်းပါးများရေးရန် အခြေခံဗဟုသုတ၊သိရှိနားလည်ရမည့်အချက်များ စသည်တို့ကိုသိရှိရန် လိုအပ်ပါသည်။

ထို့အပြင် ပိုစ်တင်ရာတွင်လည်း Myanmar Steemit Community မှ member များသည် မိမိတင်လိုက်သည့် ပိုစ်၏အကြောင်းအရာသည် လာရောက်ဖတ်ရှု့ voting ပေးသည့် အခြား စာဖတ်သူ members များအားလည်း အသိပညာဗဟုသုတ၊သုတ၊ရသ တစ်စုံတစ်ရာကို ပေးစွမ်းလိုက်ချင်သေးသည်ကိုသတိထားမိပါသည်။ဤသည်မှာ အလွန်ကောင်းမွန်သည့် မြတ်သောအကျင့်ဖြစ်သည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ထိုသို့လာရောက်ဖတ်ရှု့သည့် members များ၊စာဖတ်သူများကို အသိပညာဗဟုသုတ၊သုတ၊ရသ ပေးစွမ်းရန်မှာ မိမိကိုယ်တိုင်သည်လည်း စာများများဖတ် များများလေ့လာထားနိုင်ရမည်ဖြစ်ပါသည်။ ထိုသို့ များများဖတ် များများလေ့လာ စာဖတ်အားကောင်းမှ MSC တွင် promotion အတွက် ပိုစ်တင်ရာတွင် ကောင်းကောင်းတွေးနိုင်ကာ MSC members များကို အကျိုးဖြစ်ထွန်းစေသည့် နည်းပညာ၊ဗဟုသုတ၊ရသ၊motivation စသည့် ပိုစ်(post)များကို တင်နိုင်မည်မဟုတ်ပါလား။

မိမိမှာ စာမဖတ်ထားလျှင် လေ့လာအားမရှိဘဲ စာရေးလျှင် အမှန်ကို မမြင်နိုင်ဘဲ လမ်းညွှန်နိုင်ခြင်းမရှိဘဲ အမှားအားဖော်ပြကာ ယောင်ဝါးဝါးဖြစ်နိုင်ပါသည်။ထို့ကြောင့် steemitတွင်စာရေးသူတစ်ယောက် တစ်နည်း စာရေးဆရာတစ်ယောက်အနေဖြင့် စာရေးရန်မှာ စာများများဖတ်ရှု့လေ့လာသည့် အကျင့်ရှိရန်လိုပေသည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ထိုမှသာ မိမိရေးလိုက်သည့်အကြောင်းအရာ ရေးလိုသည့်အကြောင်းအရာသည် အမှား နှင့် အမှန်ကို ခွဲခြားသိမြင်ပြီး မိမိစာအားလာရောက်ဖတ်ရှု့သည့် စာဖတ်ပရိတ်သတ်ကို အချက်အလက်အမှန်၊ကိန်းဂဏန်းအမှန်၊ဖြစ်သင့်ဖြစ်ထိုက်၊လုပ်သင့်လုပ်ထိုက်သည့် လမ်းကြောင်းမှန်လတို့ကို မှန်ကန်စွာဖော်ပြနိုင်မည်ဖြစ်ပါသည်။စာရေးသော လက်များသည် အဆိပ်ပင်အားရေလောင်းနိုင်သကဲ့သို့ ပေါင်းပင်များအားလည်းသတ်နိုင်သည်ကို သတိပြုရမည်ဖြစ်ပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

စာများများဖတ်ကြရန်လိုပါသည် | Ecency