Gathering အတွေ့အကြုံများ-3

Words
95
Reading
1 min
Listen
Play
8y

C536DD69-6C14-4202-B5D3-C679462AA0D5.jpeg

တည်းခိုရာ ဝါးကျောင်းသို့ပြန်ရောက်ပြီးနောက် ခြေခင်းလက်ခင်းဆန့်ခြင်းပြုလုပ်သူကပြုကြ မျက်နှာသစ် ခြေဆေးလက်ဆေးပြုကြသူကပြုကြ၊ရေချိုးသူက ရေချိုးကြတော့သည်။ ထို့နောက် MSC မှ တည်ခင်းဧည့်ခံသည့် MSC gathering ညစာစားရန် MSC gathering လာ ဘော်ဒါအပေါင်းရောင်ရင်းများနှင့် တည်းခိုရာဝါးကျောင်းအတွင်းထဲပင်ရှိသည့် စားဖိုဆောင်သို့ ချီတက်ခဲ့ကြသည်။

စားဖိုဆောင်သို့ရောက်သော် ကိုယ်တိုင်ယူစနစ်ဖြစ်သောကြောင့် မိမိနှစ်သက်သည်များကို ကိုယ်တိုင်ယူကာ စားသုံးနှစ်ခြိုက်ရသည်။ ဘုန်းကြီးကျောင်းမှ စားဖိုဆောင်ဖြစ်သောကြောင့် သားကြီးငါးကြီးတော့ချက်မကျွေးပါ။ကြက်ဥ၊ဘဲဥနှင့် ကျန်သည့်ဆွမ်းဟင်းများကို ပေါင်းထားသည့်ဟင်းပေါင်းကိုသာ စားသုံးရနိုင်သည်။

61D257B9-1480-420B-A21D-B85BCC2D03BA.jpeg

ဤသည်မှာလည်း မြို့ကြီးပြကြီးပေါ်တွင်မရနိုင်သည့် ပုဂံ gathering ၏ နှစ်ခြိုက်စရာတစ်ခုပင်ဖြစ်သည်။ညစာစားပြီးနောက် မိမိတို့စားကြသောက်ကြသည်များကို အတူတကွ သေချာစွာသန့်ရှင်းရှင်းလင်းမှုများပြုလုပ်ပေးခဲ့ကာ ညအိပ်ရန် တည်းခိုရာသို့ပြန်ခဲ့ပါတော့သည်။တည်းခိုရာသို့ရောက်သော gathering လာ ဘော်ဒါအချင်းချင်း အလာပ၊သလာပများပြောဆိုကာ ထိုတစ်ညကို ကုန်ဆုံး၍ အိပ်ရာဝင်ခဲ့ကြတော့သည်။

ယောကျာင်္းလေးတွေချည်းမို့ အကုန်လုံးတပျော်တပါးစု၍သာ အိပ်လိုက်ကြခြင်းဖြစ်သည်။ နောက်နေ့မနက်(August 4 ရက်နေ့မနက်)ရောက်သော် အစောကြီးနိုးနေမိသည်။ ထို့ကြောင့်အချိန်ရှိခိုက် ဘော်ဒါကြီးများအိပ်ကောင်းတုန်း မျက်နှာသစ်ခြေလက်သန့်စင်ကာ မနက်စာစားရန် group 3 SL (@) နှင့်အတူ ယွန်းကောလိပ်အနီးထိ လမ်းလျှောက်ထွက်လာခဲ့ကြသည်။

46DCFF9F-1E99-41A9-BFFA-A635E33AD2B4.jpeg

ထို့နောက် ယွန်းကောလိပ်ကန်တင်းမှာ မနက်စာစားသောက်ပြီး တည်းခိုရာသို့ပြန်ခဲ့ကြကာ ပုဂံတွင် လျှောက်လည်ဘုရားပတ်ဖူးကြမည်တွင် လာခေါ်မည့်ကားကို စောင့်နေမိတော့သည်။ ကားလာရန်အတွက်မှာ စောလွန်းနေပါသေးသည်။ထို့ကြောင့် မြစ်ဆိပ်အထိဆင်းကာ ဧရာဝတီမြစ်နှင့်တိုးသဘောင်္ကြီး၏ မိုးသောက်ရောင်နီအလှကိုခံစားနေလိုက်ပါသည်။ မနက်(၈)နာရီလောက်တွင်မှ ဘော်ဒါရောင်ရင်းများ အားလုံးအဆင့်သင့်ဖြစ်ကြကာ ဘုရားပတ်ဖူးရန် လာရောက်ခေါ်ဆောင်မည့်ကားများလည်းရောက်ရှိလာပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

Gathering အတွေ့အကြုံများ-3 | Ecency