မောင်တိုးတက်နှင့် ကမ္ဘာ့ဖလား

Words
100
Reading
1 min
Listen
Play
8y

D6236E06-C12C-4253-884F-F85C32E16934.jpeg

ကျွန်တော် မောင်တိုးတက်တစ်ယောက် ဘောလုံးအားကစားကို ခုံမင်နှစ်သက်သူတစ်ယောက် သို့သော် ပရီးမီးယားလိဂ် ချန်ပီယံလိဂ်ပွဲများကိုတော့ အိပ်ရေးပျက်ခံသည့်အထိတော့မကြည့်၊ပုံမှန် အားလပ်ချိန်နှင့်တိုက်သည့်ပွဲများ၊အသင်းကြီးများပါသည့် ပွဲများသာကြည့်ဖြစ်သည်။ထို့ကြောင့်လည်း ပုံမှန်မြန်မာအသင်းပရိသတ်ပေမယ့် မြန်မာပွဲဆိုရင်တော့ မမှတ်သေးဘဲအချိန်မှန်အားပေးသည်။

ယခုလည်း အားလုံးသိကြသည့်အတိုင်းပင် လေးနှစ်တကြိမ်မှသာကျင်းပသည့် ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲကျင်းပနေသည်မဟုတ်ပါလား။ငယ်စဉ်ကတဲက ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲတွေဆိုလျှင် အဖေနှင့်အတူမလွတ်တမ်းအားပေးဖြစ်သည်။ ကမ္ဘာ့ဖလားရာသီရောက်လျှင် ကမ္ဘာ့ဖလားသီချင်းများကို ရင်ခုန်စွာနားထောင်ခဲ့သည်။ယနေ့ခေတ်လို အင်တာနက်ခေတ်မဟုတ်သောကြောင့် တီဗွီကနေ wavin flag တို့၊ဝါကာ...ဝါကာ တို့လာရင် ပြေးနားထောင်ရတာ အမောပင်ဖြစ်သည်။

D53665AA-603B-49B7-9CB0-0FDA7B0CC877.jpeg

သူငယ်ချင်းတွေကြားပြန်ငြင်းဆိုကြ၊ သူ့အသင်းက ပိုကောင်းတယ်၊ငါ့အသင်း ပိုကောင်းတယ်နှင့်ငြင်းခုန်ကြသည်မှာ လွမ်းမောဖွယ်ရာပင်ဖြစ်ပါသည်။ယခုမှု ရုရှားက အိမ်ရှင်အဖြစ်လက်ခံကျင်းပသည့် ကမ္ဘာ့ဖလား ပွဲစဉ်တွင် ဖလားများရဖူးသည့်အသင်းများဆိုလျှင် အိပ်ရေးပျက်ခံကာကြည့်ဖြစ်ပါသည်။ပွဲစဉ်တော်တော်များများကလည်း မြန်မာစံတော်ချိန် ည ၈:၃၀ နှင့် မနက် ၀၀:၃၀ အချိန်တွင် ကန်လေ့ရှိသောကြောင့် ညရှစ်ခွဲပွဲစဉ်များက ကိစ္စမရှိသော်လည်း မနက် ၀၀:၃၀ တွင်ကန်သောပွဲစဉ်များကောင်းပြီဆိုလျှင် အိပ်ရေးပျက်တော့သည်။

မျက်တွင်းများဟောက်ပက်ဖြစ်ရသည်။ မနက်ဆိုလျှင် မထနိုင်ဖြစ်ရတော့သည်။ ဒီကြားထဲ ကျွန်တော်မောင်တိုးတက်တစ်ယောက် ကျားကုတ်ကျားခဲ အားပေးသည့် ဂန္တဝင်အသင်းများက ကွာတားဖိုင်နယ်တွင်ပင်ပြုတ်၍ အိမ်ပြန်သွားကြပြီ။ မိမိကသာ အိပ်ရေးပျက်ခံအားပေးရသော်လည်း ရှုံးပွဲတွေဖြစ်သဖြင့် အောင့်သက်သက်နှင့်သာဖြစ်ရတော့သည်။ ခုတော့ အာဂျင်တီးနားလည်းထွက်၊ပေါ်တူဂီလည်းထွက်၊နောက်ဆုံး ဘရာဇီး အသင်းပါထွက်သွားရသောကြောင့် အားပေးစရာအသင်းမရှိသလောက်ဖြစ်သွားရတော့သည်။

AD791AEE-1ABC-4297-B2C1-684C5F634F8B.jpeg

မနေ့ညကတော့ မောင်တိုးတက်၏အဖေဖြစ်သူ အားပေးလေ့ရှိသည့် အင်္ဂလန်အသင်းပွဲစဉ်ဖြစ်၍လည်းကောင်း၊ ည ၈:၃၀ အချိန်တွင် ကစားသောကြောင့်လည်းကောင်း အားပေးဖြစ်ခဲ့သည်။ အားပေးသည့် အင်္ဂလန်အသင်းမှာ တဖက်အသင်းကိုနိုင်သွား၍သာတော်တော့သည်။ဘယ်လိုပင်ဖြစ်စေ ကမ္ဘာ့ဖလားပွဲစဉ်တွေပြီးမှ မောင်တိုးတက်တစ်ယောက် အိပ်ကောင်းချင်းအိပ်ရတော့မည်။မျက်တွင်းဟောက်ပက်ဘဝက ကျွတ်မည်ထင်ပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

မောင်တိုးတက်နှင့် ကမ္ဘာ့ဖလား | Ecency