ဘာသာပြန်ဆိုရာတွင်-1

Words
108
Reading
1 min
Listen
Play
8y

A339FFF5-A422-4277-9EFC-4E27ACAD37F8.jpeg

အားလုံးသိကြသည့်အတိုင်းပင် ယခုနောက်ပိုင်းတွင် မြန်မာအများစုသည် ဘာသာပြန်စာပေများ၊ဆောင်းပါးများကို အရေးများလာသည်ကိုတွေ့ရသည်မဟုတ်ပါလား။ထို့ကြောင့် ဤတစ်ပတ်တွင် ကျွန်တော်မောင်တိုးတက်တစ်ယောက် ဘာသာပြန်သည်နှင့် ပက်သက်သည့် ဗဟုသုတများ၊ဆောင်ရန်၊ရှောင်ရန်များကို ရေးသားလိုက်ရပါသည်။

ဘာသာပြန်ခြင်းနှင့်ပက်သည့်၍ စာရေးသူတို့ မြန်မာစာတွင် ဆရာကြီးဦးဧမောင် နှင့် ဆရာကြီးဦးဝန်တို့၏ ဟောပြောချက်၊ဆုံးမချက်များသည် အထင်ကရရှိပါသည်။ ဆရာကြီးဦးဧမောင်သည် မြန်မာပြည်တွင် ဘာသာပြန်စာပေအသင်းမှ အထင်ကရဘာသာပြန် စာရေးဆရာတစ်ယောက်ဖြစ်ပေသည်။ထို့ကြောင့် မြန်မာလူမျိုးများအနေဖြင့် ဘာသာပြန်ဆိုခြင်းနှင့်ပက်သက်သည့် အယူအဆများကို အဆိုပါဆရာကြီးများ၏ ဟောပြောချက်များတွင် သွားရောက်လေ့လာနိုင်ပါသည်။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ဘာသာပြန်ဆိုခြင်းနှင့် ပက်သက်၍ စာရေးသူတို့ကျောင်းတုန်းက ဘာသာပြန်(translation)ဆရာများ၊ဆရာမများ သင်ကြားခဲ့ရာတွင် ဘာသာပြန်မည့်သူတစ်ယောက်အနေဖြင့် သိရမည်မှာ မိမိပြန်ဆိုမည့် ဒုတိယဘာသာကို ပြန်ဆိုမည့်ဘာသာ(Target Language) တစ်နည်း TL ဟု ခေါ်ဆိုလေ့ရှိကြပြီး မိမိပြန်ဆိုမည့် မူရင်းဘာသာစကားကို မူရင်းဘာသာစကား(Source Language) တစ်နည်း SL ဟုခေါ်ပါသည်။

ဥပမာအားဖြင့်ဆိုရသော် ဘာသာပြန်မည့်သူသည် အင်္ဂလိပ်လိုရေးသားထားသည့် ဝတ္ထုမှ မြန်မာဘာသာသို့ ပြန်ဆိုမည်ဆိုပါစို့။ထိုအခါတွင် အင်္ဂလိပ်ဘာသာသည် မူရင်းဘာသာစကား (Source Language) ဖြစ်၍ ပြန်ဆိုမည့် မြန်မာဘာသာသည် ပြန်ဆိုမည့်ဘာသာစကား ( Target Language) ပင်ဖြစ်သည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

တရုတ်ဘာသာဖြင့်ရေးထားသည့်ဆောင်းပါးကို အင်္ဂလိပ်ဘာသာပြန်မည်ဆိုပါကလည်း တရုတ်ဘာသာစကားသည် မူရင်းဘာသာစကား (Source Language အတိုကောက် SL) ဖြစ်၍ အင်္ဂလိပ်ဘာသာစကားသည် ပြန်ဆိုမည့်ဘာသာ (Target Language အတိုကောက် TL) ဖြစ်ပေသည်။ ထို့ကြောင့် ဘာသာပြန်ဆိုရာတွင် Source Language နှင့် Target Language ထိုနှစ်ခုကို ဘာသာပြန်မည့်သူအနေဖြင့် ကွဲကွဲပြားပြား သိရှိရန်လိုပါသည်။

ဆက်ရန်

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy

ဘာသာပြန်ဆိုရာတွင်-1 | Ecency