အချိန်ရှိခိုက် လုံ့လစိုက်

Words
115
Reading
1 min
8y
Listen to this post
~1 min

1C2D20B9-81E5-40DB-B504-8E1DE36C64B6.jpeg

ငယ်စဉ်ကတဲက ကျောင်းတွင်သင်ရ၊လူကြီးသူမတွေဆုံးမစဉ် အလွန်ကြားခဲ့ရသည့် စကားလုံးလေးဖြစ်သည်။ အချိန်ရှိခိုက် လုံ့လစိုက်ဟူ၏။ဟုတ်ပေသည်။ လူကြီးသူမ၊ဆရာ၊ဆရာမများသည် မိမိတို့တွေ့စုံကြုံကြိုက်ခဲ့ရသည့် ဘဝအတွေ့အကြုံများနှင့်ယှဉ်ကာ လူငယ်မောင်တို့ မယ်တို့ အတွက်
အရာရာကို အလဟဿမဖြစ်စေလို။အချိန်လွန်မှ နှောင်းနောင်တ မဖြစ်စေလိုခြင်းသည် အဆိုပါ လူကြီးသူမ၊ဆရာ၊ဆရာမတို့ ၏ စေတနာ၊မေတ္တာ၊ဂရုဏာပင်မဟုတ်ပါလား။

မှန်ပေသည်။ငယ်စဉ်ကတည်းက မောင်တို့မယ်တို့ဘဝကတည်းကပင် ကစားအလွန်မက်ခြင်း၊အဆော့အလွန်မက်ခြင်း၊စာပေမလေ့လာလိုခြင်းတို့ဖြစ်ခဲ့ကြသည်ချည်းဖြစ်သည်။ ကလေးသဘာဝအရ အချိန်ကို အကျိုးရှိစွာကုန်ဆုံးတတ်ခြင်းကို မသိဘဲ ကစားဖို့ ဆော့ဖို့ထက် မည်သည့်အရာကိုမှခေါင်းထဲမထည့်ခဲ့ပါ။

59A8AB21-5234-4FD5-85DD-68E5282C61B6.jpeg

ထို့အခါမျိုးတွင် လူကြီးသူမ၊ဆရာ၊ဆရာမများက စာမေးပွဲနီးမှ စာထကျက်၍ မရကြောင်း၊ ရေသောက်ချင်မှ ရေတွင်းတူး၍မရကြောင်း၊ အစကောင်းမှ အနှောင်းသေချာ ဆိုသကဲ့သို့ နှစ်စကတည်းက စာကို ကြိုးစားသင့်ယူသင့်ကြောင်း၊ စာမေးပွဲနီးနေပြီဆိုမှ စာကိုလေ့လာမည်ဆိုလျှင် အရာရာအချိန်နှောင်းသွားနိုင်ကြောင်း၊ထို့ကြောင့် အချိန်ရှိခိုက် လုံ့လစိုက်သင့်ကြောင်း စသည်ဖြင့် သွန်သင်ဆုံးမစကားပြောလေ့ရှိခဲ့ပါသည်။

ဤသည်မှာ ငယ်စဉ်က မိဘဆရာသမားများဆုံးမခဲ့သည့် ဆိုဆုံးမ တစ်ခုပင်ဖြစ်ပါသည်။ ယခုမှုကား မိမိတို့သည် အသက်အရွယ်များရကာ steemit ပေါ်တွင် ကိုယ်စီ ကိုယ်စီ ရည်မှန်းချက်ပန်းတိုင်များကိုလျှောက်လှန်းနေကြသည်မဟုတ်လား။အချို့မှာ ဒီနှစ်အတွင် steem power 500 ရအောင်စုမည်၊ အချို့က ဒီနှစ်ကုန် steem power 1000 ရအောင်စုမည် စသည်ဖြင့် အိမ်မက်ကိုယ်စီဖြင့်ရှိကြမည်ထင်ပါသည်။

84A60911-C7C0-447D-AA8D-BF4B887644A0.jpeg

ထို့ကြောင့် မိမိတို့ MSC members များအနေဖြင့် အချိန်ရှိခိုက်၊လုံ့လစိုက်ကို ဖြည့်စွက်ရသော် အချိန်ရှိခိုက် power up ဟုတင်စားရမည်ဖြစ်ပေသည်။ ပရိုပေးတုန်း ပိုစ်တင်ထား၊steem power အပ်ထား၊စုထားရမည်ဖြစ်သည်။သို့မှသာ ငယ်စဉ်ကတဲက လူကြီးသူမများ ဆုံးမသကဲ့သို့ ရတုန်းက မစုလိုက်ရတကား၊ power မ up လိုက်ရတကား အချိန်ရှိခိုက် လုံ့လမစိုက်လိုက်ပါတကားဟူ၍ နှောင်းနောင်တများကို ရှောင်လွှဲနိုင်ပါလိမ့်မည်မှာ ဧကန်ဖြစ်ပါသည်။

written by mgtoetat@mgtoetat
photos by mgtoetat@mgtoetat
MSC-073
post on busy