https://pixabay.com/illustrations/crescent-moon-balloon-night-star-4875339/
ငါ့ရဲ့ အသဲနှလုံးသားကို
ဘယ်လို ဘာသာပြန်ရမလဲ
အဓိပ္ပါယ်တချို့ဟာ လေထဲမှာ
ပျောက်ဆုံးလို့နေတယ်
ငါစိုးထိတ်နေခဲ့တာ အဲ့ဒီကိစ္စပါ
အဲ့ဒီကိစ္စကို နားလည်နိုင်ခြင်းမရှိတာက
သူ့ရဲ့နှလုံးသားတစ်စုံပါပဲ
မျက်မှန်တစ်လက်ရဲ့ မှန်သားပြင်ထဲမှာ
လျှက်တပြက်ပေါင်များစွာ
ပျော်ဝင်ဖြစ်တည်နေတာကသူမ
စုးရှနက်ရှိုင်းတဲ့ စာအုပ်ထူထူကြီးကိုဖတ်လို့
အဝါရောင် ပန်းရိုင်းတစ်ပွင့်ကို ရှာဖွေနေလေတယ်
ငါနဲ့မင်းရဲ့ဘဝ ယုံကြည်မှုတွေ တူညီပါလျက်
မင်းအနေနဲ့ မှုနေဦးမှာလား မိန်းကလေးရေ
တွေးငိုင်မနေပါနဲ့တော့...........