တရားတန်းဖိုး(အပိုင်း၎)

Words
185
Reading
1 min
Listen
Play
8y

image
crd-org-source
ကိုအောင်ခန့်က လူနာအမျိုးသမီးအား ညီမကသမာဓိအား အတော်အသင့်ကောင်းလာပြီဖြစ်တဲ့အတွက် မိမိရဲ့နာမ်တရားစိတ်လေးကို ကမ္မဌာမ်းအာရုံမှာမထားတော့ပဲနဲ့ ဝေဒနာပေါ်မှာထားကြည့်ရအောင် ။ ဝေဒနာပေါ်မထားမီမှာ သိသင့်တဲ့အချက်တွေကို အစ်ကိုပြောပြပါ့မယ်။ လောကကြီးမှာ အရှိတရားနဲ့မရှိတရားရယ်လို့ ရှိပါတယ်။အရှိတရားက ပရမတ်ပါ။မရှိတရားက ပြစ်ညတ်ပါ။ အစ်ကိုတို့ညီမတို့ လက်ကိုင်ထားရမှာက ပရမတ်ပါ။ ပရမတ်က ဘာတွေလည်း ဆိုတော့ " စိတ်!စေတသိတ်!ရုပ်!နိဗ္ဗန်"ပါ။ ရဟန်းဒါဖြစ်မှ နိဗ္ဗန်ရောက်မှာမို့ နိဗ္ဗန်ကို ခဏဖယ်ထားလိုက်မယ်။ ကျန်တာက စိတ်!်စေတသိတ်!ရုပ် ။အဲဒီမှာမှ စိတ်နဲ့စေတသိတ်က နာမ်ဆိုတော့ ရုပ်နဲ့နာမ်ပဲကျန်တော့တာပေါ့။ ဒီအထိရှင်းလားညီမဟု ကိုအောင်ခန့်ကမေးရာ လူနာက ခေါင်းညိတ်ပြပါတယ်။ တကယ်ရှိတယ်ဆိုတာတောင် အစိုင်အခဲအဖြစ်နဲ့ရှိနေတာမဟုတ်ပဲ သဘောသက်သက်လေးပဲရှိနေတာပါ။ ရုပ်ဆိုတာဖောက်ပြန်တဲ့သဘော! နာမ်ဆိုတာသိမှုသဘောလေးပါ။ ဒီသဘောလေးတောင် တစက္ကန့်မမြဲပါဘူး။ရုပ်နဲ့နာမ်ဟာတစက္ကန့်တောင်မမြဲပဲ ဖြစ်လိုက်ပျက်လိုက် အစားထိုးလိုက်နဲ့ သံသရာလည်နေတာပါ။
image
crd-org-source
အခုငါ့ညီမခံစားနေရတဲ့ဝေဒနာဟာ ရုပ်တရားမှာဖြစ်နေတဲ့ဖောက်ပြန်မှုပါ။ရုပ်မှာ နာတာကျင်တာ ကိုက်တာ ခဲတာမရှိပါဘူး။ ဖောက်ပြန်မှုပဲရှိပါတယ်။ ရုပ်မှာ ဘာပဲဖြစ်ဖြစ်ဖောက်ပြန်တယ်လို့ သိပေးနေရပါမယ်။ဟုတ်ပြီညီမ ဖောက်ပြန်တာဟာတစက္ကန့်တောင်မမြဲဘူးလို့ မြတ်စွာဘုရားဟောခဲ့တာကို ပညာသတိနဲ့မြင်အောင်ကြည့်နိုင်မယ်ဆိုရင် အခုညီမခံစားနေရတဲ့ဝေဒနာတွေဟာ ဘာမှမဟုတ်ပါလားဆိုတာ သိလာပါလိမ့်မယ်။ ကြည့်ပုံကိုအစ်ကိုအစ်ကိုဆက်ပြောပြမယ်။ ညီမအခုခံစားနေရတဲ့ ဝေဒနာ(ဖောက်ပြန်မှု)ဟာ ဆက်တိုက်ကြီးဖြစ်နေတာမဟုတ်ပါဘူး။ နာတဲ့ဝေဒနာဖြစ်လာတယ် အဲဒီဝေဒနာပျက်သွားတယ် နောက်ဝေဒနာအသစ်တစ်ခု အစားထိုးလာတယ်အဲဒီအစားထိုးဝေဒနာရဲ့ နာကျင်မှုဟာ မူလကဝေဒနာထက်လျော့ရင်လျော့မယ်ပိုတိုးရင်တိုးမယ် ကျိမ်းသေတာကတော့ အဟောင်းပျက်ပြီး အသစ်အစားထိုးနေတယ်ဆိုတာကိုမြင်အောင်ကြည့်နိုင်ရမယ်။ ဒီထက်ရှင်းအောင်ပြောရမယ်ဆိုရင် ဝေဒနာ(ဖောက်ပြန်မှု)ရဲ့ ပြောင်းလဲမှုကို မြင်အောင်ကြည့်နိုင်ရင် နာကျင်မှုကိုမခံစားရတော့ဘူးပေါ့။ ညီမရဲ့ နာမ်(စိတ်)ညွှတ်မှုဟာ ဝေဒနာပေါ်မထားပဲဝေဒနာရဲ့ပြောင်းလဲမှုပေါ်မှာ ညွှတ်နိုင်အောင်ကြိုးစားရမယ်။ သမာဓိအား အတော်အသင့်ရှိနေပြီဖြစ်တဲ့အတွက် ညီမအနေနဲ့ကြိုးစားမယ်ဆိုဖြစ်နိုင်ပါတယ်။ ပြောင်းလဲမှုအား စောင့်ကြည့်ခြင်းကို ဝေဒနာကျော်တယ်လို့လည်းခေါ်တယ်။
၁။စိတ် ၂။ဝေဒနာ ၃။ဝေဒနာရဲ့ပြောင်းလဲခြင်း
၁ဆိုတဲ့ မိမိစိတ်လေးက ၂ဆိုတဲ့မိမိခံစားနေရတဲ့ဝေဒနာကိုမကြည့်ပဲ ၃ဆိုတဲ့ ဝေဒနာရဲ့ပြောင်းလဲမှုကိုကြည့် တာကိုဆိုလိုတာပါ။ရှင်း
ရှင်းပြောရမယ်ဆိုရင် ၁ကနေ၂ကိုမကြည့်ပဲ၃ကိုကြည့်ခြင်းကို ဝေဒနာကျော်တယ်လို့ခေါ်တာပါ။
(မှတ်ချက်။ တချို့  တရားရှူု့ သူများသည် ဝေဒနာကျော်ခြင်းကို မိမိခန္ဓာတွင်ဖြစ်သောဝေဒနာများ ပြောက်သည်အထိ ရှုမှတ်ခြင်းလို့ မှတ်ယူနေကြပါတယ်။ မဟုတ်ပါ။ခန္ဓာရှိသရွှေ့ ဝေဒနာ[ဖောက်ပြန်ခြင်း]ရှိနေမှာပါ။ ဝေဒနာ၏ ပြောင်လဲခြင်းကို စောင့်ကြည့်ခြင်းသည်သာ ဝေဒနာကျော်ခြင်း ဖြစ်ပါသည်)
ညီမ အခု အစ်ကိုပြောသွားတာတွေကို နားလည်ရဲ့လားလို့ ကိုအောင်ခန့်ကမေးရာ လူနာအမျိုးသမီးနားလည်ကါတယ်ဟု ပြော၍မျက်လုံးမှတ်၍ တရားရှုမှတ်နေပါတော့တယ်။ ကိုအောင်ခန့်လည်း အိမ်ပြန်ခဲ့ပါတယ်။
image
crd-orh-source
နောက်တရက် ၃ရက်မြောက်သောနေ့မှာ ကိုအောင်ခန့် ကကိုသက်ဦးတို့အိမ်ကိုပြန်လာခဲ့ပါတယ်အိမ်ရောက်ရောက်ခြင်း ဆရာမက အလွန်အံ့သြသောလေသံဖြင့် ကိုအောင်ခန့်အား လူနာရဲ့အခြေနေလုံးဝမကောင်းတော့ဘူး။ ဒီအနေထားဒီရောဂါအရဆို အခုအချိန်မှာ အလှုးအလဲခံစားနေရပြီး အော်ဟစ်နေမယ့်အချိန်ဆိုတာကို ကျွန်မအတွေ့ကြုံ အရသိနေပါတယ်။ ဒါပေမယ့်ဒီအမျိုးသမီးဟာ အော်ဟစ်ခြင်း ညီးတွားခြင်းမရှိပဲ ငြိမ်သက်အေးချမ်းနေတာကိုတွေ့ရတော့ ကျွန်မဖြင့်အံ့သြလို့မဆုံးပါဘူး။ ထိုအခါမှာ ကိုအောင်ခန့်က ဒီညီမအနေနဲ့ တရားမြင်သွားပါပြီ။ သူသေဆုံးလျင် ဘယ်လိုမှအပယ်မရောက်တော့ပါဘူးလို့ ပြော၍ အိမ်ပြန်ခဲ့ပါတယ်။ နောက်နေ့မနက်၍ လူနာအမျိုးသမီး သေဆုံးသွားခဲ့ပါတယ်။ ကိုသက်ဦးမှာကိုအောင်ခန့်အားဖုန်းဆက်၍ သူညီမဆုံးသွားပြီဆိုတဲ့အကြောင်း ကိုအောင်ခန့်ပြောသလိုပဲ ငြိမ်သက်စွာနဲ့ အသက်ထွက်သွားပြီး မျက်နှာမှာလည်းပြုံးကျန်ခဲ့တယ်
ဆိုတဲ့အကြောင်းပြော၍ သူညီမအတွက် အင်မတန်ကျေးဇူးတင်ကြောင်းပြောပါတယ်။
ကိုအောင်ခန့်အတွက်ပါရမီကုသိုလ်များစွာရရှိသလိုလူနာအမျိုးသမီးအတွက်လည်း သာသနာတွင်းလူဖြစ်ရကြိုးနပ်ခဲ့ပါတယ်။ဒါတွေအားလုံးဟာတရားတန်ဖိုးတွေပါ။ steemitမိသားစု အားလုံးတို့လည်း တရားတန်ဖိုးအားနားလည်၍သာသနာတွင်း လူဖြစ်ရကြိုးနပ်ကြပါစေလို့ ဆုတောင်းရင်း နိဂုံးချုပ်လိုက်ပါတယ်။
MSC-251
writer mgmglattt@mgmglattt

တရားတန်းဖိုး(အပိုင်း၎) | Ecency