ပရိနိဗ္ဗန်စံ၏ မစံ၏

Words
99
Reading
1 min
Listen
Play
8y

image
photo credit facebook
ကျွန်တော်တို့၏ဂေါဓမမြတ်စွာဘုရားပရိနိဗ္ဗန်စံသည် မစံသည်ဆိုသည့်အကြောင်းကို ဒီpostနဲ့အားလုံးကိုကျွန်တော်အနည်းငယ်ရှင်းပြချင်ပါတယ်ခင်ဗျာ။ အမှန်တော့်မြတ်စွာဘုရား ပရိနိဗ္ဗန်မစံသေးပါဘူး။ ဒီလိုရေးလို့ အားလုံးကကျွန်တော်ကိုရူးနေလားလို့ ထင်ကြပါလိမ့်မယ်။ ကျွန်တော်မရူးပါဘူး။မရူးရတဲ့အကြောင်းရင်းကို ကျွန်တော် ရှင်းပြသွားပါ့မယ်။
image
phota credit facebook
မြတ်စွာဘုရားကျွန်တော်တို့ကမ္ဘာမြေပေါ်မှာ ပွင့်လာတာဟာ မြတ်စွာဘုရားရဲ့အနှိုမ်းမဲ့တန်ခိုးတော်ကြီးနဲ့ ကမ္ဘာလောကကြီးကို ကယ်တင်ဖို့မဟုတ်ပါဘူး။ ကိုယ်တော်တိုင်သိမြင်တော်မူအပ်သော သံသရာလွတ်ကြောင်းတရားတွေကို ဟောဖေါ်ညွှန်ပြပြီး သတ္တဝါအားလုံး ဆင်းရဲဒုက္ခကင်းတဲ့မြတ်နိဗ္ဗန်ကို ရောက်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ပါ။ အဲဒီတော့ သတ္တဝါတွေကို နိဗ္ဗန်ရောက်စေမဲ့ အရာဟာမြတ်စွာဘုးရားဟုဆိုအပ်သောရုပ်တရားကြီးကမဟုတ်ပါဘူး။မြတ်စွာဘုရားဟောကြားတော်မူခဲ့သော ဝိပသနာတရားများကသာ ဖြစ်ပါတယ်။ ထိုတရားတွေရှိနေသရွေ့ မြတ်စွာဘုရားပရိနိဗ္ဗန်မစံသေးပါဘူးလို့ဆိုလိုတာပါ။မြတ်စွာဘုရားသည် ကိုယ်တော်သက်တော်ထင်ရှားရှိခဲ့သော နှစ်ရှစ်ဆယ်အတွင်းမှာ ချွေချွတ်ရမည့်သူများကျန်နေသေးသည်ကို သိရှိသဖြင့်သာသနာအားနှစ်ငါးထောင်ထားရှိခဲ့ပါတယ်။ သာသနာနှစ်ငါးထောင်အတွင်းမှာ မြတ်စွာဘုရား၏ဝိပသနာတရားတော်တွေဟာ တည်ရှိနေမှပါ။ သံသရာလွတ်ကြောင်းတရားတော်တွေရှွှိနေသရွှေ့
လည်း မြတ်စွာဘုရားပရိနိဗ္ဗန်မစံသေးဘူးလို့ ယုံကြည်ထားလို့ရပါတယ်။
image
photo credit facebook
ကျွန်တော်တို့ရဲ့မြတ်စွာဘုရားမတိုင်ခင်ပွင့်ခဲ့ကြသောမြတ်စွာဘုရားများရဲ့ သက်တော်များဟာရှည်လျားပြီး ချွေချွတ်ရမည့်သူများကုန်သလောက်ဖြစ်သည့်အတွက်ပရိနိဗ္ဗန်စံဝင်သည်နှင့်တပြိုင်နက်၎င်းတို့၏
သာသနာအား ပြန်သိမ်းသွားခဲ့ကြပါတယ်။ပွင့်ပြီးသောဘုရားလေးဆူတွင် ကျွန်တော်တို့မြတ်စွာဘုရားရဲ့သက်တော်ဟာ အတိုဆုံးပါပဲ။ ဒါကြောင့် သာသနာကိုနှစ်ငါးထောင်ထားခဲ့ခြင်းဖြစ်ပါတယ်။ ဘုရားစုပန်သည်ဆိုသည်မှာ တော်တော်တောင်တောင်စေတနာ တော်တော်တောင်တောင်သတ္တိနဲ့မပန်နိုင်ပါဘူး။ဘာဖြစ်လို့လဲဆိုတော့ ဘုရားစုပန်မယ့်လူဖြစ်စေရဟန်းဖြစ်စေ ဖြစ်ပျက်ဖြိုင်ဖြိုင်မြင်ပြီးသားဖြစ်ရပါမယ်ဖြစ်ပျက်မြင်ပြီးပြီဆိုကတည်းက ဒုက္ခသစ္စာအကြောင်းကောင်းကောင်းသိနေပြီးပါပြီ။ခန္ဓာရခြင်းဟာဒုက္ခရခြင်းလို့ သိပြီးသားသူတစ်ယောက်အနေနဲ့ ခန္ဓာပေါင်းအသချေ်ရပြီးပါရမီဖြည့်ပြီးမှ ဘုရားအဖြစ်
ကိုရောက်ရှိမှာပါ။ ပါရမီဖြည့်စဉ်အတွင်းမှာလည်း သုဂတိခန္ဓာကြီးပဲရတာမဟုတ်ပါဘူး။ တိရိစ္ဆာန်ခန္ဓာလည်းရပြီးပါရမီဖြည့်ရပါတယ်။ ဒီလို ဘဝပေါင်းအသချေ် ပါရမီဖြည့်ပြီး ဘုရားဆုပန်ရတဲ့ရည်ရွှယ်ချက်ကတော့ သတ္တဝါများဒုက္ခဆင်းရဲကင်းတဲ့မြတ်နိဗ္ဗန်ကို ရောက်စေချင်တဲ့ ရည်ရွှယ်ချက်နဲ့ပါ။ခန္ဓာဟာဒုက္ခတုံးကြီးဆိုတာကို ပြတ်ပြတ်သားသားသိနေလျက်နဲ့ သတ္တဝါတွေကို ကယ်တင်ချင်တဲ့စိတ်တစ်ခုတည်းနဲ့ ဘုရားဆုပန်ခြင်းဟာအရမ်းမြင့်မြတ်တဲ့စိတ် အနှိုင်းမဲ့စိတ် ချီးကျုး၍မကုန်နိုင်တဲ့စိတ်ပါ။
image
phpto credit facebook
မြတ်စွာဘုရားရဲ့စေတနာ မေတ္တာ ကျေးဇူးတရားတွေကို သိရှိနားလည်သောအားဖြင့်
မြတ်စွာဘုရားရဲ့ဆိုဆုံးမစကားတွေကို လိုက်နာဆောင်ရွက်သင့်ပါတယ်။
MSC 251
writer mgmglattt@mgmglattt

ပရိနိဗ္ဗန်စံ၏ မစံ၏ | Ecency