ယနေ့ခေတ် ကျောင်းသား

Words
46
Reading
1 min
Listen
Play
9y

ယနေ့ခေတ် ကျောင်းသား

သူတို့လေးတွေအတွက် စိတ်ဖိစီးစရာတွေ များလှပါတယ်။

ပြင်ပအကြောင်းအရာတွေ မပါဘဲနဲ့ကို ကျောင်း+ကျူရှင်+ဂိုက်+စာကျက်ဝိုင်း+ညဂိုက် စသဖြင့် အားချိန်၊ နားချိန်ရယ်လို့ သိပ်မရှိကြတော့ပါ။

လေ့လာရတဲ့စာတွေကလည်း ဂဃဏန နားလည်ခြင်းမရှိပဲ အလွတ်ကျက်မှတ်ခြင်းကို ဦးစားပေးလုပ်ဆောင်နေရပါတယ်။

မိဘ သို့ဟုတ် ဆရာတွေရဲ့ ဖိအားပေးမှုတွေလည်း ရှိနေပြန်ပါတယ်။

ဆယ်တန်းအောင်ပြီးသွားရင်လည်း ဘဝအာမခံချက်ဆိုတာလည်း မရေမရာပါပဲ။

အထူးသဖြင့် တတ်ဖို့မလိုဘဲ အောင်ဖို့ပဲလိုနေတဲ့ ပညာရေးစနစ်တစ်ခုကြောင့် သူတို့လေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာ ထိခိုက်မှုတွေ ကြီးကြီးမားမား ရှိနေကြပါတယ်။

ဒီစနစ်ကို နှစ်ရှည်လများ တွေ့ကြုံဖြတ်သန်းလာခဲ့ကြရတဲ့ သူတို့အတွက် အသက်သာကြီးလာတယ်၊ အတန်းသာမြင့်လာတယ်၊ လိုက်လျောညီထွေရှိတဲ့ စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုတွေဖြစ်မလာခဲ့ကြတာတော့ စိတ်မကောင်းစရာပါပဲ။

mgmgkse@mgmgkse
MSC-011

ယနေ့ခေတ် ကျောင်းသား | Ecency