လက်ဖက်ရည်တစ်ခွက်၏ အရသာ

Words
54
Reading
1 min
Listen
Play
9y

FB_IMG_1484498227222-picsay.jpg

လက်ဖက်ရည်တစ်ခွက်၏ အရသာ

အဒေါ် ပြောနေကြ စကားလေးတစ်ခွန်း..

နင်တို့ လက်ဖက်ရည်သောက်နေကြတာ ဘာများကောင်းလို့လဲ...ဆီးဖြစ်သွားမယ့်ဟာကို...ဗိုက်ပြည့်မယ့် အစားအစာ တစ်ခုစားလိုက်ပါ့လား...

အိမ်မှာက အဒေါ်တစ်ယောက်ကလွဲပြီး မိဘတွေအပါအဝင် တစ်မိသားစုလုံး လက်ဖက်ရည်ကြိုက်တယ်..

ကျွန်တော်အပြင်ထွက်ပြီး အိမ်ပြန်လာရင် လက်ဖက်ရည် ပါဆယ်လေး အိမ်အတွက် ဝယ်သွားလေ့ရှိတယ်..

အပြင်ထွက်ဖို့ အဆင်မပြေတဲ့အချိန်ကျရင်တော့ ကော်ဖီမစ်လေးတွေ ဖျော်သောက်ကြတယ်..

အကျင့်တစ်ခုဆိုတာ စွဲသွားရင်တော့ ဖျောက်ဖျက်ပစ်ဖို့ ခဲယဉ်းလေ့ရှိပါတယ်..

လက်ဖက်ရည်ထဲ ပါဝင်တဲ့ ဓာတ်ပစ္စည်းတွေအကြောင်း ဖတ်ဖူးပေမယ့် သိပ်မမှတ်မိတော့..

လက်ထက်ရည်ရဲ့ အရသာထက် လက်ဖက်ရည်သောက်ခြင်းကြောင့် ဖြစ်ပေါ်ရတဲ့ ခံစားမှုအရသာကို နှစ်ခြိုက်နေခဲ့ပြီ..

တစ်ခါတစ်လေ လက်ဖက်ရည်လေးတစ်ခွက်ကို အရသာခံသောက်ရင်း ပြဿနာအချို့ကို ဖြေရှင်းနိုင်မယ့် နည်းလမ်းလေးတွေ ရခဲ့တယ်..

ဘာပဲဖြစ်ဖြစ် လက်ဖက်ရည်တစ်ခွက်ဟာ ကျွန်တော့်အတွက်တော့ နှစ်သက်စရာ ဖြစ်နေဆဲပါ။

mgmgkse@mgmgkse
MSC-011

လက်ဖက်ရည်တစ်ခွက်၏ အရသာ | Ecency