ကံကြမ္မာ

Words
40
Reading
1 min
Listen
Play
9y

FB_IMG_1484498227222-picsay.jpg

ကံကြမ္မာများ

မနက်ခင်းအစော ကျူရှင်သွားတော့ ကျူရှင်ဝိုင်းနဲ့ ကပ်လျက်အိမ်ရှေ့က ကားပေါ် မွေးကင်းစ ကလေးတစ်ယောက် စွန့်ပစ်သွားတာ ကြားခဲ့၊ ကြုံခဲ့ရတယ်။

ထန်းခေါက်ဖာလေးထဲမှာ ချက်ကြိုးတန်းလန်းနဲ့ပါ။

အသားဖွေးဖွေးလေးနဲ့ ချစ်စရာ အလွန်ကောင်းတဲ့ ယောက်ျားလေးတစ်ယောက်ပါ။

အဲ့ကလေးရဲ့ မိဘတွေဟာ လူတွေမှ ဟုတ်ပါရဲ့လား။

လူဆိုရင်တော့ လူစိတ်မရှိတဲ့သူတွေပဲ ဖြစ်ပါမယ်။

သူဌေးအိမ်က မွေးဖို့ငြင်းဆန်ပါတယ်။

ကလေးကိုးယောက်ရှိလို့ ကျောင်းကိုတောင် အကုန်မထားနိုင်တဲ့ အိမ်နီးနားချင်း အမျိုးသမီးကြီးက မွေးမယ်ပြောတယ်။

ကိုယ်တတ်နိုင်သလောက် နို့မှုန့်တွေ ဝယ်ပေးခဲ့ပါတယ်။

အပြစ်ကင်းတဲ့ ကလေးလေး ချစ်ခြင်းများ ရရှိပါစေ။

mgmgkse@mgmgkse

ကံကြမ္မာ | Ecency