ခေတ်ပြောင်းလဲမှု

Words
57
Reading
1 min
Listen
Play
9y

FB_IMG_1484498227222-picsay.jpg

ခေတ်ပြောင်းလဲမှု

သူငယ်ချင်းတစ်ယောက်ရဲ့သား....

မိဘကို စိတ်ဆိုးပြီး အိမ်က ဆင်းသွားတယ်။

ဆယ်တန်း သုံးခါကျ၊ မိဘလုပ်ငန်း တစ်ခုမှကူညီလေ့မရှိ၊ မိဘနဲ့ စကားပြောရင် ဒိုးခပဲ စကား တွင်တွင်ပြောတတ်သူ၊....ဂုဏ်ပုဒ်တွေက မနည်းပါ။

သူ့အမေက သူ့ခြေထောက်တက်နင်းမိသွားလို့ ပြောဆိုဆုံးမလိုက်တယ်။

ဝါးခြမ်းပြားလေးနဲ့ မထိတထိရိုက်မိလိုက်တာပါ။

သူငယ်ချင်းဖြစ်သူကတော့ ဆုံးမလို့မရလို့ ဆုံးမပြောဆိုခြင်း မရှိတော့တဲ့ ကလေးပါ။

ပြန်မလာလေ ကောင်းလေပဲ ပြောနေတဲ့ မိခင်လုပ်တဲ့သူမှာ မျက်ရည်တွေ စီးကျနေပါတယ်။

သူငယ်ချင်းကတော့ နဂိုကတည်းက စိတ်ပိုင်းဖြတ်ထားသူမို့ အိနြေ္ဒမပျက်ပေမယ့် သူလည်း အသံတုန်နေတာပါပဲ။

သူတို့အလှူရက်က ရှေ့လထဲလုပ်ကြမှာပါ။

စီးပွားရေးကိစ္စ၊ အလှူကိစ္စ၊ သားသမီးတွေကိစ္စ၊ ကိစ္စပေါင်းစုံ ပေါင်းစုသွားပါတယ်။

အရင်းနှီးဆုံး သူငယ်ချင်း မိသားစုပါ။

စိတ်ပိုင်း၊ ရုပ်ပိုင်း တတ်နိုင်သလောက် ကူညီပေးနေဆဲပါ။

သူငယ်ချင်းမိသားစု အမြန်ဆုံး အဆင်ပြေကြပါစေ။

mgmgkse@mgmgkse
MSC-011

ခေတ်ပြောင်းလဲမှု | Ecency