ပရိတ်သတ်တွေအတွက် ကမ္ဘာတစ်ဝန်းမှာရှိတဲ့ တန်ဖိုးကြီး အသုံးအဆောင်တွေကို ထုတ်လုပ်တဲ့ နာမည်ကြီး Brand အချို့ကို ဖော်ပြပေးလိုက်ပါတယ်။
ဒီ Brand တွေကလည်း မြန်မာနိုင်ငံက ပရိသတ်တွေကြားမှာရေပန်းစားတဲ့ Brand တွေဖြစ်ပါတယ်။
(၁) Gucci
အီတလီနိုင်ငံထုတ် Brand အမျိုးအစားတစ်ခုဖြစ်ပြီး ကမ္ဘာ့တန်ဖိုးအကြီးဆုံး တံဆိပ်တစ်ခုအဖြစ် နံပါတ်၁ နေရာမှာ ရပ်တည်နေပါတယ်။
အဝတ်အစား၊ အိတ်တွေ၊ ဖိနပ်တွေ ကိုအဓိက ထုတ်လုပ်တာ ဖြစ်ပါတယ်။ Gucci ရဲ့အဝတ်အထည် အသုံးအဆောင်တွေက စတိုင်ကျပြီး ဇိမ်ခံပစ္စည်းတစ်ခုလို သုံးနိုင်တာကြောင့် တန်ဖိုးကြီး တာဖြစ်ပါတယ်။
(၂) Chanel
လူကြိုက်များ ဝယ်ယူကြတဲ့ နာမည်ကြီး Brand တစ်ခုဖြစ်ပါတယ်။ သူတို့ထုတ်လုပ်တဲ့ ဒီဇိုင်းတွေက ကူးယူ ထား တာမျိုးမဟုတ်ဘဲ ကိုယ်ပိုင်ဒီဇိုင်းနဲ့ သာထုတ်လုပ်တာဖြစ်ပါတယ်။
ဒီ Brand ကတော့ ကျော်ကြားခြင်းနဲ့ ကြွယ်ဝခြင်းအရသာကို ပေးနိုင်စွမ်းရှိတဲ့ Brand အမျိုးအစား တစ်ခုပဲ ဖြစ်ပါတယ်။
(၃) Prada
Prada ဟာဆိုရင်လည်း အီတလီနိုင်ငံထုတ် Brand တစ်မျိုးဖြစ်ပြီး နုပျိုတဲ့ဖက်ရှင်ဒီဇိုင်းကို ကြိုက်နှစ်သက်တဲ့ သူတွေ သဘောကျနှစ်သက်ကြပါတယ်။
ဒီဇိုင်းတွေက ရိုးရှင်းမယ့်လည်း အသုံးပြုတဲ့သူတွေကို စိတ်ကျေနပ်မှုအပြည့်အဝပေးနိုင်တာကြောင့် ကမ္ဘာတန်ဖိုးကြီး Brand အမျိုးအစားထဲမှာပါဝင်နေတာဖြစ်ပါတယ်။
(၄) Armani
နာမည်ကြီး Brand တစ်ခုဖြစ်ရုံသာမက ကမ္ဘာပေါ်မှာနာမည်ကြီးတဲ့ Brand တစ်ခုလည်းဖြစ်ပါတယ်။ ရေမွှေးက အစ အဝတ်အထည်တွေအထိ ရရှိနိုင်ပါတယ်။ အဝတ်အစားဒီဇိုင်းတွေက လန်းတဲ့အပြင် ဝတ်လိုက်တဲ့သူအတွက်လည်း ဆွဲဆောင်မှုရှိရှိနဲ့ လှစေတာ ဖြစ်ပါတယ်။