သံပရိုသီးဆိုတာ ကျန်းမာရေးအတွက် အကျိုးရှိတဲ့ အသီးတစ်မျိုးဖြစ်ပါတယ်။
လူအများစုရဲ့ နေ့စဉ်အစားအစာတွေထဲမှာလည်း သံပရိုသီးက ပါလေ့ရှိမှာပါ။ အခုတစ်ခါ တင်ပြမှာကတော့ စားသုံးတဲ့နေရာမှာတင်မဟုတ်ပဲ တခြားအကျိုးရှိတဲ့နေရာတွေမှာပါ အသုံးချနိုင်တဲ့ သံပရိုသီး
ရဲ့ အသုံးဝင်ပုံလေးတွေဖြစ်ပါတယ်။
၁။ အသားအရေကိုကျန်းမာစေခြင်း
သံပရိုသီးတွေဟာ သင့်ရဲ့ အရေပြားအရောင်ပွင့်လင်းလာဖို့နဲ့ သေဆုံးသွားတဲ့ အရေပြားဆဲလ်တွေကို စနစ်တကျဖယ်ရှားရှင်းလင်းပေးနိုင်ပါတယ်။ မဲနေတဲ့ချိုင်းတွေ အရောင်ပြန်လင်းလက်လာဖို့ အတွက် တစ်စုံတစ်ရာထောက်ပံ့ပေးနိုင်မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ရေချိုးတဲ့အခါမှာ သင့်ရဲ့ ချိုင်းနေရာကို သံပရိုသီးစိတ်လေးတွေနဲ့ နေ့စဉ် ပွတ်လိမ်းပေးသင့်ပါတယ်။ ဒါပေမယ့် သံပရိုသီးစိတ်နဲ့ ပွတ်လိမ်းပြီးတဲ့အခါ moisturizer အနည်းငယ်ပြန်အသုံးပြုဖို့တော့ မမေ့ပါနဲ့။ ဘာလို့လဲဆိုတော့ ရှောက်သီးက သင့်ရဲ့ အရေပြားကို ခြောက်သွေ့စေလို့ဖြစ်ပါတယ်။
၂။ အင်းဆက်တွေကို တွန်းလှန်နိုင်ခြင်း
အိမ်မှာ ပုရွက်ဆိတ်တွေ နေရာစုံမှာ တွေ့နေလို့ စိတ်ညစ်ရတာမျိုး ကြုံဖူးကြမှာပါ။ ဒီလိုအခြေအနေကို ရှောက်သီးက ဖြေရှင်းပေးနိုင်ပါတယ်။ ပုရွက်ဆိတ်တွေရှိနေတဲ့ အနီးအနားမှာ သံပရိုသီးရည် အနည်းငယ်ကို ဖျန်းထားလိုက်ပါ။ ဒီလိုလုပ်ခြင်းဟာ ပုရွက်ဆိတ်တွေကို အဝေးကို မောင်းထုတ်ပေးနိုင်ပါလိမ့်မယ်။ သံပရိုသီးတစ်ဝက်လောက်ပဲ အသုံးပြုရင်ရပါတယ်။
၃။ စတီးတွေပြောင်လက်အောင် လုပ်ဆောင်ပေးနိုင်ခြင်း

မီးဖိုချောင်ဘေစင်ဖြစ်ဖြစ် ၊ တခြားစတီးနဲ့ ပြုလုပ်ထားတဲ့ ပစ္စည်းတွေမှာ စွန်းထင်းပေကျံနေလို့ စိတ်ညစ်ကြဖူးမှာပါ။ သံပရိုသီးက ဒါတွေကို ပြေပျောက်စေပါလိမ့်မယ်။ သံပရိုသီးအခွံတွေနဲ့ ဆိုဒါကို အသုံးပြုပြီး ဆေးကြောခြင်းဟာ သင့်ရဲ့ စွန်းထင်းနေတဲ့ စတီးတွေကို တောက်ပပြောင်လက်စေပါလိမ့်မယ်။
၎။ ဖယောင်းတိုင်ခွက်အဖြစ်အသုံးပြုနိုင်ခြင်း
သံပရိုသီးကို တစ်ဝက်ဖြတ်ပြီး အထဲက အသီးတွေကို ဖယ်ရှားပြီး အခွံအတိုင်းထားပါ။ ပြီးရင် ဖယောင်းတိုင်ထည့်ပြီး မီးထွန်းညှိနိုင်ပါတယ်။ ဒါဟာ ကိုယ်ပိုင်ဖန်တီးထားတဲ့ ဖယောင်းတိုင်ခွက်လေးတစ်ခု ဖြစ်လာစေမှာဖြစ်ပါတယ်။ ထွန်းညှိပြီးသွားရင်တော့ ကျန်ရှိတဲ့ ဖယောင်းတိုင်အဆံကို ဖယ်ရှားဖို့တော့ မမေ့ပါနဲ့။
၅။ နံနေတဲ့ ရှုးဖိနပ်အနံ့အသက်တွေ ရှင်းလင်းပေးခြင်း
ရှုးဖိနပ်တွေကိုနေ့စ္စဒူ၀၀တ်ဆင်သွားလာရတဲ့အတွက်ခြေထောက်ကထွက်တဲ့ချွေး၊ရာသီဥတုအခြေအနေ တွေကြောင့် ရှုးဖိနပ်အတွင်းပိုင်းမှာ ဆိုးဝါးတဲ့ အနံ့အသက်တွေ နံနေတတ်ပါတယ်။ ဒီအနံ့အသက်ဆိုးတွေကို ရှင်းထုတ်နိုင်ဖို့ သံပရိုသီးက အထောက်အကူပြုပါလိမ့်မယ်။ ညဘက်အိပ်ရာမ၀င်ခင်မှာ ရှုးဖိနပ်ထဲ သံပရိုသီးခွံလေးတွေထည့်ထားခဲ့ပါ။ မနက်ဘက် သင်သွားလာတဲ့အခါမှာ ဆိုးရွားတဲ့အနံ့အသက်တွေ မထွက်စေဖို့ ကူညီပေးပါလိမ့်မယ်