ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ သံချပ်ကာကားတွေကိုပစ်ခတ်တိုက်ခိုက်နိုင်တဲ့ Anti-tank gun တွေအကြောင်း တင်ပြပါမယ်။
ဒီလက်နက်ဟာ အမြှောက်အမျိုးအစားဖြစ်ပြီး သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေကို ပစ်ခတ်ဖျက်ဆီးနိုင်တဲ့လက်နက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ဖက်ရန်သူတပ်တွေကို ခုခံတဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ လက်နက်ဖြစ်ပါတယ်။
ဒီလက်နက်တွေကို ပထမကမ္ဘာစစ်ဖြစ်ပွားနေစဉ်အတွင်း စတင်အသုံးပြုခဲ့ကြပါတယ်။ တင့်ကားတွေ၊ အမြှောက်ပစ်သူတွေကို ဒီလက်နက်အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုမိုအရည်အသွေးမြင့်မားတဲ့ Anti-tank gun တွေကို ထုတ်လုပ်လာခဲ့ကြပြီး သံထုထည်ပိုမိုထူတဲ့ သံချပ်ကာကားတွေ၊ တင့်ကားတွေကို ပစ်ခတ်လာနိုင်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးအကြိမ်အဖြစ် anti-tank အမြှောက်လက်နက်တွေကို အမြောက်အများအသုံးပြုလာခဲ့ကြပါတယ်။
အဓိကအနေနဲ့ ဥရောပနိုင်ငံတွေရဲ့ စစ်တပ်တွေမှာ အသုံးပြုတာဖြစ်ပါတယ်။ ၁၉၃၀ ၀န်းကျင်ကာလမှာတော့ အသုံးပြုမှုပိုမိုတွင်ကျယ်လာခဲ့ပြီး စွမ်းရည်မြင့်တဲ့ လက်နက်တွေပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ လက်နက်တွေကိုလည်း အမြောက်အများထုတ်လုပ်လာခဲ့ကြပါတယ်။ ၃၇ မီလီမီတာရှိတဲ့ လက်နက်တွေကို အသုံးပြုရာကနေ ၄၀ မီလီမီတာရှိတဲ့ Ordance QF 2-pounder ကို ဗြိတိန်စစ်တပ်က ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။
anti-tank gun တွေရဲ့ ပစ်မှတ်တိကျမှုတွေကလည်း ပိုမိုကောင်းလာခဲ့ပါတယ်။
ဒီလက်နက်တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်မားတဲ့အရှိန်၊ ပေါက်ကွဲအားတို့အပေါ်မူတည်ပြီး ဈေးနှုန်းတွေကလည်း ကွာခြားပါတယ်။ အဲဒီနောက်မှာတော့ လူတွေကိုင်ဆောင်ပစ်ခတ်နိုင်တဲ့ အသေးစားလက်နက်လေးတွေလည်း ထွက်ပေါ်ခဲ့ပြီး Panzerfaust လို့ ခေါ်ဆိုကြပါတယ်။ အမေရိကန်ကလည်း recoilless rifles စီးရီးတွေကို ထုတ်လုပ်ခဲ့ပါတယ်။ဒီတစ်ပတ်ရဲ့ Military Equipment ကဏ္ဍမှာတော့ သံချပ်ကာကားတွေကိုပစ်ခတ်တိုက်ခိုက်နိုင်တဲ့ Anti-tank gun တွေအကြောင်း တင်ပြပါမယ်။
ဒီလက်နက်ဟာ အမြှောက်အမျိုးအစားဖြစ်ပြီး သံချပ်ကာတိုက်ခိုက်ရေးယာဉ်တွေကို ပစ်ခတ်ဖျက်ဆီးနိုင်တဲ့လက်နက်ဖြစ်ပါတယ်။ ပုံမှန်အားဖြင့်တော့ တစ်ဖက်ရန်သူတပ်တွေကို ခုခံတဲ့အခါမှာ အသုံးပြုလေ့ရှိတဲ့ လက်နက်ဖြစ်ပါတယ်။
ဒီလက်နက်တွေကို ပထမကမ္ဘာစစ်ဖြစ်ပွားနေစဉ်အတွင်း စတင်အသုံးပြုခဲ့ကြပါတယ်။ တင့်ကားတွေ၊ အမြှောက်ပစ်သူတွေကို ဒီလက်နက်အသုံးပြုပြီး တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ပိုမိုအရည်အသွေးမြင့်မားတဲ့ Anti-tank gun တွေကို ထုတ်လုပ်လာခဲ့ကြပြီး သံထုထည်ပိုမိုထူတဲ့ သံချပ်ကာကားတွေ၊ တင့်ကားတွေကို ပစ်ခတ်လာနိုင်ခဲ့ပါတယ်။ ၁၉၂၀ ခုနှစ်ဝန်းကျင်မှာတော့ ပထမဆုံးအကြိမ်အဖြစ် anti-tank အမြှောက်လက်နက်တွေကို အမြောက်အများအသုံးပြုလာခဲ့ကြပါတယ်။
အဓိကအနေနဲ့ ဥရောပနိုင်ငံတွေရဲ့ စစ်တပ်တွေမှာ အသုံးပြုတာဖြစ်ပါတယ်။ ၁၉၃၀ ၀န်းကျင်ကာလမှာတော့ အသုံးပြုမှုပိုမိုတွင်ကျယ်လာခဲ့ပြီး စွမ်းရည်မြင့်တဲ့ လက်နက်တွေပိုမိုထွက်ပေါ်လာခဲ့ပါတယ်။ လက်နက်တွေကိုလည်း အမြောက်အများထုတ်လုပ်လာခဲ့ကြပါတယ်။ ၃၇ မီလီမီတာရှိတဲ့ လက်နက်တွေကို အသုံးပြုရာကနေ ၄၀ မီလီမီတာရှိတဲ့ Ordance QF 2-pounder ကို ဗြိတိန်စစ်တပ်က ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။
anti-tank gun တွေရဲ့ ပစ်မှတ်တိကျမှုတွေကလည်း ပိုမိုကောင်းလာခဲ့ပါတယ်။
ဒီလက်နက်တွေရဲ့ ဈေးနှုန်းတွေဟာ မြင့်မားတဲ့အရှိန်၊ ပေါက်ကွဲအားတို့အပေါ်မူတည်ပြီး ဈေးနှုန်းတွေကလည်း ကွာခြားပါတယ်။ အဲဒီနောက်မှာတော့ လူတွေကိုင်ဆောင်ပစ်ခတ်နိုင်တဲ့ အသေးစားလက်နက်လေးတွေလည်း ထွက်ပေါ်ခဲ့ပြီး Panzerfaust လို့ ခေါ်ဆိုကြပါတယ်။ အမေရိကန်ကလည်း recoilless rifles စီးရီးတွေကို ထုတ်လုပ်ခဲ့ပါတယ်။