(၁) ဆိုဒါသောက်သုံးတာဟာ မျက်မှောက်ခေတ် အစားအစာပုံစံတွေထဲမှာ သကြားဓာတ် ရရှိနိုင်ခြင်းရဲ့ အကြီးမားဆုံး တစ်ခုတည်းသော အရင်းအမြစ်ဖြစ်ခြင်းပါတယ်။
(၂) ဆိုဒါသောက်သုံးမှုများခြင်းက ကလေးသူငယ်တွေအတွက် အ၀လွန်စေတဲ့ အဓိကအကြောင်းအရင်းဖြစ်စေပါတယ်။
(၃) အမျိုးသားတွေမှာဆိုရင် နှလုံးရောဂါဖြစ်နိုင်ခြေ မြင့်တက်ခြင်း၊ အမျိုးသမီးတွေမှာ သွေးတွင်းအဆီဓာတ်ပမာဏ မြင့်တက်ခြင်း၊ ကလေးသူငယ်တွေဆိုရင် ခက်ထန်ကြမ်းတမ်းသော အပြုအမူတွေ ဖြစ်ပွားနိုင်ခြေ မြင့်တက်လာနိုင်ပါတယ်။

(၄) ခန္ဓာကိုယ်တွင်းမှာ အင်ဆူလင်ဟော်မုန်းပမာဏကို မြင့်တက်စေတာကြောင့် ၀မ်းဗိုက်မှာ အဆီစုပုံခြင်းကို အားပေးတာကြောင့် ဆီးချိုရောဂါဖြစ်နိုင်ခြေ မြင့်မားစေနိုင်ပါတယ်။
(၅) အာဟာရဓာတ် မရရှိနိုင်တဲ့အပြင် ကိုယ်အလေးချိန်တိုးခြင်း၊ အ၀လွန်ခြင်း စတဲ့ နောက်ဆက်တွဲဆိုးကျိုးတွေကို ဖြစ်စေနိုင်တာကြောင့်ဆိုဒါသောက်သုံးမှုကို လျော့သင့်ပါတယ်။