Sleep is good

mgmg(40)
Published in
#esteem
Words
204
Reading
1 min
Listen
Play
8y

တစ်နေ့တာလုပ်ငန်းဆောင်တာတွေ မြားမြောင်လှတဲ့ကြားက တစ်မှေးမျှ အိပ်စက်ခြင်းရဲ့ အကျိုးကျေးဇူး တွေဟာ ဘာတွေလဲ
(၁) နေ့စဉ်ပုံမှန် ခဏတဖြုတ် အိပ်စက်ပေးမယ်ဆိုရင် သွေးတိုးရောဂါနဲ့ နှလုံးကြွက်သား ပျက်စီးခြင်း ကြောင့် ရုတ်တရက်နှလုံးရပ်တဲ့ Heart Attack တို့ကို ကာကွယ်ပေးနိုင်တယ်လို့ ဂရိသုတေသီတို့က ဆိုပါတယ်။

(၂) ဒီအလေ့အကျင့်က ပိုပြီးအာရုံစူးစိုက်လုပ်ကိုင်နိုင်စေပါတယ်။ မာဂရက်သက်ချာနဲ့ ၀င်စတန်ချာချီရောဟာ ညဘက်မှာ လေးနာရီပဲအိပ်စက်ပြီး နေ့ဘက်ဆို တစ်မှေးနှစ်မှေး အိပ်လေ့ရှိပါတယ်။ သိပ္ပံပညာရှင်ကြီး အိုင်းစတိုင်းကတော့ ညဘက်ဆို ၁၀ နာရီလောက် အိပ်တဲ့အပြင် နေ့လည်နေ့ခင်းဆိုလည်း တစ်မှေးနှစ်မှေး အိပ်တတ်ပါတယ်တဲ့။

(၃) သုတေသီတွေရဲ့ အဆိုအရ တစ်နာရီ၊ တစ်နာရီခွဲလောက် အိပ်စက်ခြင်းဟာ အိပ်ရာထဲမှာ ၈ နာရီလောက် အိပ်စက်တာနဲ့ တူညီတဲ့ ဦးနှောက်အတွက်လိုအပ်တဲ့ ခွန်အားကို ပေးစွမ်းနိုင်တယ်လို့သိရပါတယ်။ ညဘက်ကို အချိန်များစွာ အိပ်စက်ဖို့ အားမပေးကြပါဘူး။

(၄) အလုပ်ရှင်တွေအနေနဲ့ ၎င်းတို့ရဲ့ ၀န်ထမ်းတွေကို နေ့လည်နေ့ခင်းဘက်မှာ နာရီဝက်ကနေ တစ်နာရီခွဲခန့် အထိ အလုပ်နားပြီး အိပ်စက်အနားယူစေခြင်းဖြင့် ဖန်တီးနိုင်မှုနဲ့ကုန်ထုတ်စွမ်းရည်ကို တိုးတက်စေမှာ ဖြစ်တယ်လို့ သုတေသီတွေက အကြံပေးဖူးပါတယ်။

(၅) နေ့လည်စာစားပြီး တစ်မှေးလောက် မှေးစက်လိုက်ခြင်းက စိတ်ဖိစီးမှုကို လျော့ကျစေကာ ပိုမိုပြီး နိုးနိုးကြားကြားရှိစေမှာဖြစ်သလို မှတ်ဉာဏ်ကောင်းအောင်လည်း အားဖြည့်ပေးတယ်လို့ စပိန်သုတေသီတွေက ဆိုပါတယ်။ နေ့လည်နေ့ခင်း မှေးစက်ချိန်ဟာ အလွန်ဆုံး နာရီဝက်ထက် မပိုသင့်ဘူးလို့လည်း ဆိုပါတယ်။

(၆) နေ့ဘက်မှာ ပုံမှန် တစ်မှေးနှစ်မှေးအိပ်စက်ခြင်းဖြင့် ကိုယ့်ရဲ့ စွမ်းဆောင်ရည်ကို တိုးတက်စေသလို အမှားအယွင်း၊ မတော်တဆဖြစ်ခြင်းတို့ကိုလည်း လျှော့ချပေးနိုင်ပါတယ်

Sleep is good | Ecency