စီးမျဉ်း

mgmg(40)
Published in
#esteem
Words
107
Reading
1 min
Listen
Play
8y

ဘောလုံးအားကစားဆိုတာ ကမ္ဘာတစ်ဝန်းလူကြိုက်အများဆုံးအားကစားနည်းဖြစ်ပါတယ်။
အားကစားနည်းကို ကြိုက်နှစ်သက်သူများပေမယ့် ဘောလုံးနဲ့ပတ်သက်တဲ့ စည်းမျဉ်းစည်းကမ်းတွေကို သိရှိသူတွေကတော့ နည်းပါတယ်။ ဒါကြောင့် အဓိကသိသင့်တဲ့ ဘောလုံးစည်းမျဉ်းတွေကို ဖော်ပြပါမယ်။

၁။ ဘောလုံးကွင်း

ဘောလုံးကစားတဲ့ အားကစားကွင်းကို မြက်ခင်း ဒါမှမဟုတ် ဖန်တီးထားတဲ့မြက်တွေနဲ့ ပြုလုပ်လေ့ရှိပါတယ်။ ဘောလုံးအားကစားကွင်းရဲ့ မျက်နှာပြင်ကို အစိမ်းရောင်နဲ့ သတ်မှတ်ပြုလုပ်ကြလေ့ရှိပါတယ်။ ဘောလုံးကွင်းကို ထောင့်မှန်စတုဂံပုံစံဖန်တီးလေ့ရှိပြီး ကွင်းရဲ့ အလယ်ကို မျဉ်းနဲ့ ခြားထားပြီး တစ်ဖက်စီကို ၁ဝကိုက်စီ ဝိုင်းထားပါတယ်။

၂။ ဘောလုံး

ကစားရတဲ့ဘောလုံးကိုတော့ လည်သာအသား ဒါမှမဟုတ် တခြားဆင်တူတဲ့အသားတွေအသုံးပြုပြီး ပြုလုပ်ကြလေ့ရှိပြီး လုံးဝိုင်းတဲ့ပုံစံအဖြစ် ပြုလုပ်ကြပါတယ်။ အရွယ်အစားကတော့ ၂၇ လက်မကနေ ၂၈ လက်မအကြားရှိရမယ်လို့ ဆိုပါတယ်။

၃။ ကစားသမားအရေအတွက်

ယှဉ်ပြိုင်ကစားတဲ့အသင်း ၂ သင်းအနက် တစ်သင်းစီမှာ ဂိုးသမားအပါအဝင် ၁၁ ဦးစီ ပါဝင်ကစားရပါတယ်။ ကစားပွဲအတွင်း အများဆုံး ၃ ဦးအထိ လူစားလဲခွင့်ရှိပါတယ်။ ချစ်ကြည်ရေးခြေစမ်းပွဲတွေမှာတော့ ကစားသမားပိုလဲလှယ်ခွင့်ရှိပါတယ်။

၎။ ဝတ်ဆင်ကစားရမယ့်အရာများ

အားကစားရှပ်၊ ခြေစွပ်၊ လက်အိတ်၊ ဘောကန်ဖိနပ်စတာတွေ အသုံးပြုပြီး ကစားဖို့ လိုပါတယ်။ ဒီအရာတွေ ဝတ်ဆင်မကစားရင် ဘောလုံးစည်းမျဉ်းတွေကို ချိုးဖောက်ရာရောက်ပါတယ်။

၅။ ပွဲကြာချိန်

ဘောလုံးပွဲတစ်ပွဲကို ပထမပိုင်းနဲ့ ဒုတိယပိုင်း ခွဲခြားကျင်းပကြပြီး ပထမပိုင်းကို ၄၅ မိနစ်၊ ဒုတိယပိုင်းကို ၄၅ မိနစ် ယှဉ်ပြိုင်ကစားကြလေ့ရှိပါတယ်။ ပထမအပိုင်းအပြီး အားလပ်ချိန်ကိုတော့ အများဆုံး ၁၅ မိနစ်သတ်မှတ်ထားပါတယ်။ ပွဲကစားချိန်အတွင်း ကစားသမားတွေဒဏ်ရာရတဲ့အတွက် ပွဲနားရမှု၊ အကြောင်းကြောင်းကြောင့် ပွဲနားရမှုတွေအတွက် ဒုတိယပိုင်းပွဲကစားချိန်ပြီးချိန်မှာ Additional minutes လို့ခေါ်တဲ့ နာကျင်အချိန်ပိုကို သတ်မှတ်ပေးလေ့ရှိပါတယ်။