မိခင်တွေရဲ့ဗိုက်ထဲက သန္ဓေသားလောင်းလေးတွေဟာ မိခင်ရဲ့အသံကို ကြားရရင်သူတို့တွေက ပျော်ရွှင်နေတတ်ပါတယ်။
ကနေဒါနိုင်ငံက သုတေသီတွေဟာ မိခင်အသံကြားရင် အလိုလိုမြန်လာတဲ့သန္ဓေသားလောင်းလေးရဲ့ နှလုံးခုန်မြန်လာတာကို လေ့လာတွေ့ရှိခဲ့ပါတယ်။
ကလေးနှလုံးခုန်နှုန်းက အခြားသူတွေအသံကြားရင်တော့ ပုံမှန်ပဲဖြစ်ပြီး မိခင်အသံကြားမှနှလုံးခုန်နှုန်း ပိုမြန်လာတာ ဖြစ်ပါတယ်။