Popular

mgmg(40)
Published in
#esteem
Words
115
Reading
1 min
Listen
Play
8y

ဒီတစ်ပတ်ရဲ့ Popular Places ကဏ္ဍမှာတော့ တရုတ်နိုင်ငံရဲ့ အကြီးဆုံးမြို့ဖြစ်တဲ့ ရှန်ဟိုင်းမြို့အကြောင်းဖော်ပြချင်ပါတယ်။
ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံအရှေ့ကမ်းရိုးတန်း ယန်ဇီမြစ်ဝကျွန်းပေါ်ဒေသမှာတည်ရှိတဲ့ မြို့ကြီးတစ်မြို့ဖြစ်ပြီး ဗဟိုက တိုက်ရိုက်အုပ်ချုပ်တဲ့မြို့ဖြစ်ပါတယ်။ မူလက တံငါရွာလေးတစ်ရွာအဖြစ်သာရှိခဲ့ပြီး ၁၈၂၄ ခုနှစ်မှာတော့ တရုတ်နဲ့ ဗြိတိသျှတို့ ရေးထိုးခဲ့တဲ့ နန်ကျင်းစာချုပ်အရ နိုင်ငံခြားကုန်သည်တွေ ကုန်သွယ်မှုပြုလုပ်နိုင်ဖို့ ဖွင့်လှစ်ပေးတဲ့ ဆိပ်ကမ်းတစ်ခုဖြစ်လာပြီး အရေးပါတဲ့ မြို့တစ်မြို့ဖြစ်လာပါတယ်။

ရှန်ဟိုင်းဟာ အရှေ့ဖျားဒေသနဲ့ အနောက်တိုင်းနိုင်ငံတွေအကြား ရောင်းဝယ်ဖောက်ကားရာ ဒေသဖြစ်လာတာနဲ့အညီ ၁၉၄ဝ ပြည့်လွန်နှစ်တွေမှာ ဘဏ္ဍာရေးနဲ့စီးပွားရေးအချက်အခြာဖြစ်လာခဲ့ပါတယ်။ ၁၉၉ဝ ပြည့်လွန်နှစ်တွေမှာ တရုတ်ကွန်မြူနစ်အစိုးရက တံခါးဖွင့်ဝါဒနဲ့ ဈေးကွက်စီးပွားရေးစနစ်ကို စတင်ကျင့်သုံးလာခဲ့ချိန်ကစပြီး ရှန်ဟိုင်းရဲ့ စီးပွားရေးအခြေအနေက တိုးတက်ကောင်းမွန်လာခဲ့ပါတယ်။ ၂ဝဝ၅ ခုနှစ်မှာတော့ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကုန်တင်ကုန်ချဆိပ်ကမ်းမြို့အဖြစ် စာရင်းဝင်ခဲ့ပါတယ်။ ရှန်ဟိုင်းမြို့ဟာ ကိုလိုနီခေတ် ဥရောပဟန်အဆောက်အအုံတွေ တည်ရှိသလို၊ အရှေ့တိုင်းပုလဲမျှော်စင်နဲ့ ခေတ်မီတိုက်တာအဆောက်အအုံတွေ စသဖြင့် အထင်ကရအဆောက်အအုံတွေ တည်ရှိပြီး ကမ္ဘာ့လှည့်ခရီးသွားတွေလာရောက်ကြလေ့ရှိတဲ့ မြို့တစ်မြို့လည်းဖြစ်ပါတယ်။

ရှန်ဟိုင်းမြို့ဟာ တရုတ်နိုင်ငံရဲ့ အကြီးဆုံးသင်္ဘောဆိပ်မြို့ကြီးဖြစ်တဲ့အပြင် ကုန်သွယ်စီးပွားရေး အချက်အခြာမြို့ကြီးလည်းဖြစ်ပါတယ်။ ကမ္ဘာပေါ်ရှိအထင်ရှားအကြီးကျယ်ဆုံး မြို့ကြီး ၁ဝ မြို့မှာလည်း တတိယနေရာမှာတည်ရှိပါတယ်။ ရှန်ဟိုင်းမြို့ဟာ စတုရန်းကီလိုမီတာ ၇ ထောင်ကျော်ကျယ်ဝန်းပြီး လူဦးရေ သန်း ၂ဝ ကျော်နေထိုင်တဲ့ မြို့လည်းဖြစ်ပါတယ်။

မြို့ရဲ့ GDP တိုးတက်မှုနှုန်းက ၉ ရာခိုင်နှုန်းကျော်ရှိပြီး စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၂၄ ဘီလီယံခန့်ရှိပါတယ်။ ခရီးသွားတွေကို ဆွဲဆောင်ထားတဲ့နေရာတွေကတော့ Shanghai ပင်လယ်ကမ်းခြေစင်္ကြန်၊ Yu Garden၊ The Jade Buddha ဘုရားကျောင်း၊ Shanghai ပြတိုက်၊ Longhua ဘုရားကျောင်း၊ The Oriental Pearl Tower၊ နန်ကျင်းလမ်း၊ People’s Square၊ Xujiahui ဘုရားရှိခိုးကျောင်း၊ Shanghai သိပ္ပံနဲ့ နည်းပညာပြတိုက်တို့ဖြစ်ပါတယ်။

Popular | Ecency