Nyaung shwe

mgmg(40)
Published in
#esteem
Words
65
Reading
1 min
Listen
Play
8y

မွန်းကျပ်လှတဲ့မြို့ကြီးကနေခဏတာထွက်ခွာမယ်လို့ စိတ်ကူးမိတော့ အတွေးထဲမှာနေချင်စဖွယ်ချစ်စရာကောင်းတဲ့ မြို့လေးတစ်မြို့ကအတွေးထဲဝင်လာခဲ့ပါတယ်။
အဲဒီမြို့လေးကတော့ ရာသီဥတုအေးအေးချမ်းချမ်းရှိတဲ့ ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်မှာတည်ရှိတဲ့ ညောင်ရွှေမြို့လေးပဲဖြစ်ပါတယ်။

ညောင်ရွှေဆိုတဲ့အမည်ကတော့ ရှမ်းဘာသာစကားကနေဆင်းသက်လာတာဖြစ်ပြီး ရှမ်းလိုဆိုရင်(ရောင်ဝှေ)လို့ ခေါ်တာဖြစ်ပါတယ်။ သူ့ရဲ့အဓိပ္ပာယ်ကတော့ တောင်နှစ်လုံးကြားမှာရှိတဲ့မြို့လို့ အဓိပ္ပာယ်ရပါတယ်။

ကားနဲ့အတန်ကြာအောင်သွားပြီးညောင်ရွှေမြို့လေးကိုရောက်တယ်ဆိုတာနဲ့ သိပ်လှတဲ့မြို့ငယ်လေးနဲ့ တောင်တွေဝန်းရံနေတဲ့ပတ်ဝန်းကျင်ကို မြင်တွေ့ရတော့ စိတ်ထဲမှာတော့ ဒီမြို့လေးကနေချင်စရာကောင်းတယ်လို့တောင် တွေးမိပါတယ်။

သာယာတဲ့ရာသီဥတုနဲ့ အသစ်အဆန်းဖြစ်နေတဲ့ပတ်ဝန်းကျင်ပုံစံကခရီးသွားတွေအတွက်တော့ စိတ်ဝင်စားစရာဖြစ်စေခဲ့ပါတယ်။

ညောင်ရွှေမြို့မှာရှိတဲ့ နာမည်ကြီးနေရာတစ်ခုကတော့ အင်းလေးကန်ပဲဖြစ်ပါတယ်။ နိုင်ငံခြားသားခရီးသွားဧည့်သည်တွေ တော်တော်များများအင်းလေးကိုလာရောက်လေ့လာကြပါတယ်။

အင်းထဲမှာဆိုရင်တော့ ရိုးရာအင်္ကျီရောင်းချတဲ့ ဆိုင်နေရာတွေ၊ စားသောက်ဆိုင်နေရာတွေနဲ့ တန်ခိုးကြီးဘုရား ဖြစ်တဲ့ ဖောင်တော်ဦးဘုရားကိုလည်းသွားရောက်လည်ပတ်နိုင်ပါတယ်။

ဆိုင်တွေမှာရောင်းချတဲ့ဒေသထွက်ပစ္စည်းတွေ၊ အစားအစာတွေကလည်းခရီးသွားတွေအတွက် ဝယ်ချင်စရာဖြစ်အောင် ဆွဲဆောင်နိုင်ပါတယ်။

အင်းလေးကန်ထဲမှာစက်လှေစီးရင်းနဲ့ ရေပေါ်မှာအစာရှာနေတဲ့ စင်ယော်ငှက်လေးတွေကိုလည်းအစာလေးတွေ ကျွေးနိုင်ပါတယ်။ အင်းလေးကန်ကဆိုရင်လည်းတောင်ပတ်လည် ဝန်းရံနေပြီးသိပ်ကိုလှပတာကြောင့် သဘာဝတရားကလူတွေအတွက်ဖန်ဆင်းထားတဲ့ လက်ဆောင်လို့တောင်ဆိုနိုင်ပါတယ်။

နောက်ထပ်ညောင်ရွှေမြို့လေးမှာလည်ပတ်လို့ရတဲ့နေရာလေးတစ်ခုကတော့ စပျစ်ဝိုင်ခြံဖြစ်ပါတယ်။ ဝိုင်ခြံထဲမှာတော့ စပျစ်ပင်တွေ အများကြီးစိုက်ပျိုးထားတဲ့ရှုခင်းနဲ့ ညနေနေဝင်အလှနဲ့ နေထွက်ချိန်အလှတွေကိုခံစားနိုင်တဲ့ နေရာလည်းရှိပါတယ်။ မြင်ကွင်းတွေကတော့ တကယ့်ကိုအမိုက်စားပါ။

ဝိုင်ခြံမှာရှိတဲ့စားသောက်ဆိုင်မှာဝိုင်လေးတွေကိုသောက်ပြီးအခြားအစားအစာတွေလည်းသုံးဆောင်နိုင်ပါတယ်။

ညောင်ရွှေမြို့လေးကသိပ်ကိုလည်ပတ်ချင်စရာကောင်းတဲ့မြို့လေးဖြစ်လို့ WowBoxချစ်ချစ်တွေလည်းခရီးထွက်ဖို့ စဉ်းစားနေတယ်ဆိုရင်တော့ ညောင်ရွှေမြို့လေးကိုသွားရောက်လည်ပတ်ကြည့်ကြပါဦးနော်…

Nyaung shwe | Ecency