ငလျင်ဆိုတာ ကြိုတင်ထုတ်ပြန်ကြေညာလို့ မရတဲ့ သဘာဝဘေးတစ်ခုဖြစ်ပါတယ်။
လှုပ်ခတ်မှသာသိရှိတာဖြစ်တဲ့အတွက် ကြိုတင်ရှောင်တိမ်းလို့ မလွယ်ကူပဲ ဖြစ်လေ့ရှိပါတယ်။ လတ်တလောကာလမှာငလျင်ငယ်တွေလည်းလှုပ်ခတ်မှုရှိနေတဲ့အတွက် မြန်မာ့သမိုင်းတစ်လျှောက်ဖြစ်ပေါ်ခဲ့ဖူးတဲ့ ငလျင်ကြီးတွေအကြောင်းပရိသတ်တွေ ဗဟုသုတရစေဖို့ တင်ပြလိုက်ပါတယ်။
၁။ ၁၇၆၂ စစ်တွေငလျင်
အင်အားရစ်ခ်ျတာစကေး ၈ ဒဿမ ၅ မဂ္ဂနီကျူ့ရှိတဲ့ အင်အားအလွန်ပြင်းထန်တဲ့ငလျင်ဖြစ်ပါတယ်။ ဘင်္ဂလားနဲ့ ရခိုင်ဒေသအပြင် ကာလကတ္တားမြို့အထိထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
၂။ ၁၈၃၉ အင်းဝငလျင်
အင်အားရစ်ခ်ျတာစကေး၉ ဒဿမ ၀မဂ္ဂနီကျူ့ရှိတယ်လို့ သိရပါတယ်။ အင်းဝဒေသရှိ စေတီနဲ့ မြို့ရိုးတွေ ပြိုကျပြီးမြေပြင်အက်ကြောင်းတွေ ဖြစ်ပွားခဲ့ပါတယ်။ မင်းကွန်းစေတီကြီး ပြိုပျက်ခဲ့ကာလူသုံးရာကနေလေးရာအထိသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၃။ ၁၉၁၂ ရပ်စောက်ငလျင်
အင်အားရစ်ခ်ျတာစကေး၈ ဒဿမ ၀မဂ္ဂနီကျူ့ရှိတဲ့ ငလျင်ဖြစ်ပါတယ်။ နိုင်ငံတစ်ဝှမ်းလုံးက ခံစားမှုရခဲ့တဲ့ အကြီးဆုံးငလျင်ဖြစ်တယ်လို့ ဆိုပါတယ်။ လူနေထိုင်မှုကျဲတဲ့ ဒေသမှာဗဟိုပြုလှုပ်ခတ်ခဲ့တဲ့အတွက် သိသာတဲ့ သေပျောက်ဆုံးရှုံးမှုတွေ မရှိခဲ့ပါဘူး။
၎။ ၁၉၃၀ ခရမ်းငလျင်
ခရမ်းမြို့အနီးဗဟိုပြုလှုပ်ခတ်ခဲ့တာဖြစ်ပြီးအင်အားရစ်ခ်ျတာစကေး၇ ဒဿမ ၃မဂ္ဂနီကျူ့ရှိပါတယ်။ စစ်ကိုင်းပြတ်ရွှေ့အတိုင်းတောင်မှမြောက်ကိုလှုပ်ရှားခဲ့ကာပဲခူမှာလူ ၅၀၊ ရန်ကုန်မှာ ၅ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။
၅။ ၁၉၃၀ ညောင်လေးပင်ငလျင်
အင်အားရစ်ခ်ျတာစကေး၇ ဒဿမ ၃မဂ္ဂနီကျူ့ရှိပြီးရထားလမ်းတွေကွေးကောက်ကာလူ ၃၀ ခန့်သေဆုံးခဲ့ပါတယ်။ ဖြူးငလျင်လို့လည်းလူသိများပါတယ်။
၆။ ၁၉၅၆ စစ်ကိုင်းငလျင်
အင်အားရစ်ခ်ျတာစကေး၇ ဒဿမ ၀ မဂ္ဂနီကျူ့ရှိတဲ့ အင်မားပြင်းငလျင်တစ်ခုဖြစ်ပါတယ်။ ငလျင်ကြောင့် စေတီများစွာထိခိုက်ပျက်စီးခဲ့ပြီးလူ ၄၀ ကနေ ၅၀ ကြားသေဆုံးခဲ့ပါတယ်။
၇။ ၂၀၁၁ တာချီလိတ်ငလျင်
တာလေငလျင်လို့လည်းလူသိများကြပါတယ်။ နေအိမ်နဲ့ သာသနိကအဆောက်အအုံတွေ ပြင်းထန်စွာထိခိုက်ခဲ့ပြီးလူ ၇၁ ဦးသေဆုံးခဲ့ပါတယ်။
၈။ ၂၀၁၂ သပိတ်ကျင်းငလျင်
အင်အားရစ်ခ်ျတာစကေး၆ ဒဿမ ၈ မဂ္ဂနီကျူ့ရှိတဲ့ ငလျင်ဖြစ်ပါတယ်။ သပိတ်ကျင်း၊ စဥ့်ကူးရွှေဘိုဒေသတွေကနေအိမ်တွေနဲ့ သာသနိကအဆောက်အအုံတွေ ပြင်းထန်စွာထိခိုက်ပြီးလူ ၂၆ ဦးလောက် သေဆုံးခဲ့ပါတယ်။
၉။ ၂၀၁၆ ချောက်ငလျင်
အင်အားရစ်ခ်ျတာစကေး၆ ဒဿမ ၈ မဂ္ဂနီကျူ့ရှိတဲ့ငလျင်ဖြစ်ပါတယ်။ ပုဂံညောင်ဦးဒေသမှာရှိတဲ့ စေတီတွေ အများအပြားပျက်စီးခဲ့သလိုလူ ၂ ဦးသေဆုံးခဲ့ပါတယ်။ငလျင်ဆိုတာ ကြိုတင်ထုတ်ပြန်ကြေညာလို့ မရတဲ့ သဘာဝဘေးတစ်ခုဖြစ်ပါတယ်။

အင်အားရစ်ခ်ျတာစကေး၆ ဒဿမ ၈ မဂ္ဂနီကျူ့ရှိတဲ့ငလျင်ဖြစ်ပါတယ်။ ပုဂံညောင်ဦးဒေသမှာရှိတဲ့ စေတီတွေ အများအပြားပျက်စီးခဲ့သလိုလူ ၂ ဦးသေဆုံးခဲ့ပါတယ်။