Mrt

mgmg(40)
Published in
#esteem
Words
126
Reading
1 min
Listen
Play
8y

MRT ဆိုတဲ့အခေါ်အဝေါ်ကို ကြားဖူးသူလည်း ရှိမယ်။ မကြားဖူးသူလည်း ရှိမှာပါ။
စင်စစ်အားဖြင့် MRT ဆိုတာ ဖွံ့ဖြိုးတဲ့နိုင်ငံတွေမှာ အသုံးပြုနေကြတဲ့ သယ်ယူပို့ဆောင်ရေးစနစ်တစ်ခုဖြစ်ပါတယ်။ MRT ရဲ့ အရှည်ကောက်ကတော့ Mass Rapid Transit ဖြစ်ပြီး လျင်မြန်တဲ့ ရထားသယ်ယူပို့ဆောင်ရေးစနစ် ဖြစ်ပါတယ်။

MRT စနစ်ကို မြန်မာနိုင်ငံ၊ ရန်ကုန်မြို့မှာ တည်ဆောက်ပြေးဆွဲဖို့လည်း စတင်ဆောင်ရွက်နေပါတယ်။ MRT စနစ်ကို အောင်မြင်စွာအသုံးပြုနေတဲ့ အရှေ့တောင်အာရှနိုင်ငံတစ်ခုကတော့ စင်ကာပူနိုင်ငံဖြစ်ပါတယ်။ ဒါကြောင့် စင်ကာပူနိုင်ငံရဲ့ MRT စနစ်အကြောင်း တင်ပြပေးပါမယ်။ စင်ကာပူနိုင်ငံမှာ MRT စနစ် စတင်အစပျိုးမှုကတော့ ၁၉၈၇ ခုနှစ်မှာဖြစ်ပြီး Toa Payoh နဲ့ Yio Chu Kang အကြားဆက်သွယ်မှုနဲ့ စတင်ခဲ့တာဖြစ်ပါတယ်။ ဒီဆက်သွယ်မှုလမ်းကြောင်းကနေ တစ်ဆင့် MRT ကွန်ယက်က တဖြည်းဖြည်းကျယ်ပြန့်လာခဲ့ပြီး အများပြည်သူသယ်ယူပို့ဆောင်ရေးရဲ့ အဓိကကျောရိုးသဖွယ်ဖြစ်လာခဲ့ပါတယ်။

၂ဝ၁၅ ခုနှစ်မှာတော့ နေ့စဉ်ပျမ်းမျှ စီးနင်းသူ ၃ သန်းကျော်ရှိခဲ့ပြီး ဘတ်စ်ကားကွန်ယက်ရဲ့ ၇၈ ရာခိုင်နှုန်းနီးပါးဖြစ်ပါတယ်။ MRT ကွန်ယက်ဟာ နိုင်ငံအတွင်း ၁၂၄ မိုင်ရှည်လျားပြီး စတေရှင်ပေါင်း ၁၄၉ ခုရှိပါတယ်။ ကွန်ယက်ကို စက်ဝိုင်းသဏ္ဍာန်တည်ဆောက်ထားပြီး မြို့တွင်းဧရိယာကိုပါ ချိတ်ဆက်ထားတာ ဖြစ်ပါတယ်။ ဒီကွန်ယက်လိုင်းဟာ ကမ္ဘာပေါ်မှာအရှည်ဆုံး အရှေ့မြောက်ဆက်စပ်တဲ့ မတ်ထရိုလမ်းကြောင်း ဖြစ်တယ်လို့လည်း သိရပါတယ်။ ဒီလမ်းကြောင်းတွေကို စင်ကာပူအစိုးရရဲ့ သယ်ယူပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ဖြစ်တဲ့ Land Transport Authority က တည်ဆောက်ခဲ့တာဖြစ်ပြီး ခရီးစဉ်ပြေးဆွဲမှုတွေကို SMRT Corporation နဲ့ SBS Transit ကုမ္ပဏီတို့က လည်ပတ် လုပ်ကိုင်နေတာဖြစ်ပါတယ်။

ဒီအော်ပရေတာကုမ္ပဏီတွေဟာ ဘတ်စ်သယ်ယူပို့ဆောင်ရေးနဲ့ တက်စီဝန်ဆောင်မှုလုပ်ငန်းတွေကိုပါ တွဲဖက် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။ MRT ကွန်ယက်ဟာ စင်ကာပူရဲ့ တချို့ဆင်ခြေဖုံးနေရာတွေကိုတော့ ချိတ်ဆက်ထားနိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။ လက်ရှိပြေးဆွဲနေတဲ့ MRT လိုင်းပေါင်း ၈ လိုင်းရှိပြီး စတင်ခဲ့တာ နှစ်ပေါင်း ၃ဝ ကြာမြင့်ခဲ့ပြီဖြစ်ပါတယ်။

Mrt | Ecency