အခုနောက်ပိုင်း ဖုန်းဘတ္ထရီပေါက်ကွဲတာ၊ ဖုန်းတအားပူတာ စတဲ့သတင်းတွေထွက်လာတဲ့အတွက် လူတွေလည်း ဖုန်းတွေကို ရွေးကိုင်ကြရသလို ဖြစ်နေပါတယ်။
ဘတ္ထရီပေါက်ကွဲတာမျိုးဖြစ်တဲ့ဖုန်းမဟုတ်တောင် အရမ်းပူတဲ့ဖုန်းကို ဖြစ်နိုင်ရင် ဘယ်သူမှမကိုင်ချင်ကြပါဘူး။ ဖုန်းက နည်းနည်းလေး ကြာကြာသုံးတာနဲ့ ပူလာတော့ သုံးစွဲသူတွေလည်း စိတ်ညစ်ကြရပါတယ်။
အခုတော့ ဝမ်းသာစရာသတင်းတစ်ခုတော့ ပေါ်လာပါပြီ။ အဲဒါကတော့ ဖုန်းဘတ်ထရီ သတ်မှတ်စံချိန်ထက်ပိုပြီး ပူလာတာနဲ့ အပူချိန်ကို လျှော့ချပေးမယ့်စနစ်၊ တစ်နည်းပြောရရင် ပေါက်ကွဲမီးလောင်တာမျိုးမဖြစ်အောင် ထိန်းညှိပေးမယ့် မီးသတ်စနစ်ကို ပညာရှင်တွေက ထုတ်လုပ်လိုက်ပြီပဲ ဖြစ်ပါတယ်။
လစ်သီယမ်နဲ့ ဖန်တီးထားတာဖြစ်ပြီး အပူချိန် ၁၅၀ စင်တီဂရီ (၃၀၂ ဖာရင်ဟိုက်) အထိ ရောက်လာပြီဆိုတာနဲ့ လစ်သီယမ်အရည်က ငွေ့ရည်အဖြစ်ကို ပြောင်းသွားပြီး မီးတောက်တွေကို ငြှိမ်းသတ်ပေးမှာဖြစ်သလို အပူဓာတ်တွေကိုလည်း လျှော့ချပေးမှာ ဖြစ်ပါတယ်။
စမ်းသပ်မှုတွေအရ လစ်သီယမ်ဘတ္တရီစနစ်က ဝ.၄ စက္ကန့်အတွင်းမှာကို မီးသတ်နိုင်တယ်လို့ ဆိုပါတယ်။ စတန်းဖို့ဒ်တက္ကသိုလ်က ပညာရှင်အဖွဲ့က ဒီစနစ်ကို ဖန်တီးခဲ့တာဖြစ်ပြီး အစပိုင်းမှာ လျှပ်စစ်ကားလို ကြီးမားတဲ့ စက်ပစ္စည်းတွေအတွက် မီးငြှိမ်းသတ်ဖို့ ရည်ရွယ်ခဲ့တယ်လို့ ဆိုပါတယ်။
လောလောဆယ်တော့ ဒီဘတ်ထရီစနစ် ပေါ်လာပြီဖြစ်ပေမယ့် ဈေးကွက်ထဲကို ရောက်မယ့်ရက်တော့ သေသေချာချာ မသိရသေးပါဘူး။