MayMay

mgmg(40)
Published in
#esteem
Words
66
Reading
1 min
Listen
Play
8y

ကမ္ဘာပေါ်မှာရှိတဲ့မိခင်တိုင်းဟာ သားသမီးတွေအတွက်၊ အိမ်ထောင်တစ်ခုအတွက် အရေးကြီးဆုံးသူတွေ ဖြစ်ကြပါတယ်။
အမေတစ်ယောက်ရယ်လို့ဖြစ်လာပြီဆိုရင် သားသမီးတွေကိုလူ့လောကကြီးထဲမှာ ရဲရဲဝံ့ဝံ့လျှောက်လှမ်းနိုင်ဖို့ ဘက်ပေါင်းစုံကနေ သင်ကြားပြသပေးတဲ့ကျေးဇူးရှင်တစ်ဦးပါ။

အမေဆိုတာ ဘဝဆိုတဲ့စာသင်ခန်းထဲမှာ အချိန်ပြည့်သင်ကြားပြသပေးနေတဲ့ ဆရာတစ်ဦးပါပဲ။ ဥာဏ်ပညာ၊ လေ့လာတွေးခေါ်နိုင်စွမ်းတွေ ဆိုဆုံးမမှုတွေနဲ့ သားသမီးတွေ ယဉ်ကျေးလိမ္မာထူးချွန်လာအောင် ပြုလုပ်ပေးနိုင် သူတစ်ဦးဖြစ်ပါတယ်။ သားသမီးတွေကလေးဘဝထဲက မိခင်ရဲ့ဆိုဆုံးမမှုတွေလာ လောကအလယ်မှာ ဂုဏ်တင့်လာအောင် သင်ကြားပြသပေးတဲ့ အမြဲတမ်းအတွက် သင်ဆရာတစ်ဦးပါ။

အမေဟာသားသမီးတွေငယ်စဉ်ကတည်းက ဘာသာတရားရဲ့ ထုံးတမ်းအစဉ်လာ သွန်သင်မှုတွေနဲ့ မဝေးကွာရအောင် အမြဲသင်ကြားပေးပြီး ဘာသာတရားကို သက်ဝင်ယုံကြည်အောင် လမ်းညွှန်ပေးခဲ့ သူဖြစ်ပါတယ်။

အမေရဲ့ စကားသံတွေနဲ့အားပေးသံတွေက သားသမီးတွေအတွက် အားဆေးတစ်ခွက်လို့ဆိုနိုင်ပါတယ်။

သားသမီးတွေ မကျန်းမာချိန်မှာ အမေက အနွေးထွေးဆုံးပြုစုယုယပေးနိုင်တဲ့ အကောင်းဆုံးသမား တော်တစ်ဦးပါ။

အမေဟာ နာကျင်ဝမ်းနည်းနေချိန် အနားမှာအကောင်းဆုံးနှစ်သိမ့်ပေးသူဖြစ်ပြီး လောကကြီးမှာ အားယူရဲရင့်ဖို့ ခွန်အားတွေဝေမျှပေးသူလည်းဖြစ်ပါတယ်။

ဒါကြောင့် အမေတစ်ယောက်ရဲ့ အရေးပါမှုတွေက ပြောလို့ကုန်နိုင်မယ်မထင်ပါဘူး။ အမေကို ချစ်တဲ့သူတွေ ခုချိန်ကစပြီး အမေကို “အရာအားလုံးအတွက်ကျေးဇူးတင်ပါတယ် မေမေ” လို့တစ်ခွန်းလောက် ပြောလိုက်ပါတော့….

MayMay | Ecency