Famous

mgmg(40)
Published in
#esteem
Words
104
Reading
1 min
Listen
Play
8y

ဒီတစ်ပတ်ရဲ့ Famous Prize ကဏ္ဍမှာတော့ Hollywood Walk of Fame ဆုအကြောင်းတင်ပြချင်ပါတယ်။
Hollywood Walk of Fame ကို ဟောလိဝုဒ်ကျော်ကြားမှုအထိမ်းအမှတ်လျှောက်လမ်းလို့ ခေါ်ဆိုကြပြီး အမေရိကန်၊ လော့အိန်ဂျလိ့စ်မြို့၊ ဟောလိဝုဒ်ရုပ်ရှင်နယ်မြေမှာတည်ရှိပါတယ်။ လျှောက်လမ်းလို့ဆိုပေမယ့် ပြတိုက်သဘောရှိတဲ့ နေရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြေးဝါနဲ့ ပြုလုပ်ထားတဲ့ အထိမ်းအမှတ်ကြယ်ပွင့်တွေကို လမ်းတစ်လျှောက် မော်ကွန်းတင်မြှုပ်နှံထားလို့ ဖြစ်ပါတယ်။ ရုပ်ရှင်၊ ဂီတ၊ ရုပ်မြင်သံကြား၊ ရေဒီယိုစတဲ့ ဖျော်ဖြေရေးဆိုင်ရာလုပ်ငန်းတွေမှာ အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေကို ဂုဏ်ပြုတဲ့အနေနဲ့ ကြေးဝါနဲ့ ပြုလုပ်ထားတဲ့ ထိပ်ချွန်းငါးဖက်ပါတဲ့အထိမ်းအမှတ်ကြယ်ပွင့်တွေကို မြှုပ်နှံထားတာဖြစ်ပါတယ်။

ဒီလမ်းမကြီးဟာ ဟောလိဝုဒ်လမ်းမကျယ်ကြီးရဲ့ ဘလောက် ၁၅ ခုနဲ့ ဘိုင်းန်းလမ်းရဲ့ ဘလောက် ၃ ခုတို့ တစ်လျှောက်မှာ အထိမ်အမှတ်ကြယ်ပွင့်ပေါင်း ၂၆ဝဝ ကျော်ကို မြှုပ်နှံထားတာဖြစ်ပါတယ်။ Hollywood Walk of Fame ဟာ နှစ်စဉ် ခရီးသွားပေါင်း ၁ဝ သန်းခန့် လာရောက်လည်ပတ်တဲ့ လူသိများတဲ့ နာမည်ကြီးနေရာတစ်ခုဖြစ်ပါတယ်။

ဒီအထိမ်းအမှတ်လျှောက်လမ်းမှာ မြှုပ်နှံဖော်ပြထားတဲ့ ဆုအမှတ်တံဆိပ်အမျိုးအစားတွေကတော့ ရုပ်ရှင်ဇာတ်ကားဆိုင်ရာဆုတံဆိပ်၊ ရုပ်မြင်သံကြားဆိုင်ရာဆုတံဆိပ်၊ အသံသွင်းနဲ့ဂီတဆိုင်ရာဆုတံဆိပ်၊ ရေဒီယိုဆိုင်ရာဆုတံဆိပ်၊ ပြဇာတ်ဆိုင်ရာဆုတံဆိပ်တို့ဖြစ်ပါတယ်။ ဒီဆုတံဆိပ်တွေကို ရုပ်ရှင်၊ သရုပ်ဆောင်၊ ဂီတ၊ ထုတ်လုပ်သူ၊ စိတ်ကူးယဉ်ဇာတ်ကောင်အစရှိတဲ့ ကဏ္ဍတွေက ထူးချွန်သူတွေကို ဂုဏ်ပြုပေးအပ်တာဖြစ်ပြီး ခန့်မှန်းခြေအနေနဲ့ နှစ်စဉ် ဆုတံဆိပ်ကြယ်အသစ် ၂ဝ ခန့် မော်ကွန်းတင်ဖော်ပြလေ့ရှိပါတယ်။ Hollywood Walk of Fame လမ်းမအတွက် ဆုရွေးချယ်မှုကို ၁၉၇၈ ခုနှစ်က စတင်ကာ ပြုလုပ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။