ဆေးလိပ့်​မ​သောက်​ပါ

mgmg(40)
Published in
#esteem
Words
135
Reading
1 min
Listen
Play
8y

ဆေးလိပ်သောက်တာဟာဆိုရင် ကျန်းမာရေးအတွက်ဆိုရင် ဘယ်နေရာမှကောင်းကျိုးမဖြစ်စေနိုင်ပါဘူး။
ဆေးလိပ်မသောက်တဲ့အခါ ရလာနိုင်တဲ့ အကျိုးကျေးဇူးတွေကို ပြောပြပေးလိုက်ပါတယ်။

(၁) ဆေးလိပ်ဖြတ်ပြီး မိနစ်ပိုင်း ကြာတာနဲ့ သွေးခုန်နှုန်းနဲ့ သွေးပေါင်ချိန်တွေက ပုံမှန်ကို စပြီး ဦးတည်လာပါပြီ။

လက်တွေ၊ ခြေထောက်တွေကလည်း ပုံမှန်အပူချိန်အတိုင်း ပြန်လည်နွေးထွေးလာပါတယ်။

(၂) ဆေးလိပ်ဖြတ်ပြီး နေ့တစ်ဝက်လောက် အကြာမှာတော့ သွေးတွင်းမှာရှိတဲ့ ကာဗွန်မိုနောက်ဆိုက် ပမာဏ ပုံမှန်ပြန်ဖြစ်သွားပါပြီ။ ဒီအခါမှာ ခန္ဓာကိုယ်ထဲကို အောက်ဆီဂျင် လုံလောက်စွာ ရောက်ရှိဖို့အတွက် နှလုံးက အရမ်းညှစ်စရာ မလိုတော့တဲ့အတွက် နှလုံးက ကျေးဇူးတင်ပါလိမ့်မယ်။

(၃) ဆေးလိပ်ဖြတ်ပြီးနောက် လက္ခဏာတွေ ခံစားရတဲ့ အခက်ခဲဆုံးအချိန်လည်း ဖြစ်ပါတယ်။ စိတ်လှုပ်ရှားခြင်း၊ ထိုင်းမှိုင်းခြင်း၊ ဆာလောင်ခြင်း၊ မောပန်းခြင်း စတာတွေအပြင် ခေင်းကိုက်ခြင်း၊ ပျင်းရိငြီးငွေ့ခြင်းနဲ့ စိတ်ကျခြင်းတွေကို ခံစားရနိုင်ပါတယ်။ ဒါတွေက ဖြစ်နေကျလက္ခဏာတွေဖြစ်ပြီး ဒါကို ဖြတ်ကျော်နိုင်ဖို့ လိုပါတယ်။

(၄) ဆေးလိပ်ဖြတ်ပြီး ၃ ရက် ကြာပြီးနောက် အသက်ရှူလို့ ပိုကောင်းလာပြီး အားအင်တွေလည်း ပိုပြည့်လာသလို ခံစားရပါလိမ့်မယ်။ အဆုတ်က နလန်စထူလာပြီး ဒီအချိန်ကနေစ ပိုမိုကောင်းမွန်လာပါပြီ။

(၅) ၂ ပတ်ကနေ ၃ လအတွင်းမှာတော့ ကြီးမားတဲ့ကောင်းကျိုးတွေ ရရှိနေပါပြီ။ အဆုတ်တွေက ပိုသန့်ရှင်းပြီး အားကောင်းလာကာ သွေးစီးဆင်းမှုလည်း ပိုကောင်းလာတဲ့အတွက် အလုပ်တွေ ပိုလုပ်လာနိုင်စေပါတယ်။ လေ့ကျင့်ခန်းတွေ ပိုလုပ်လာနိုင်သလို နှလုံးကျန်းမာရေးလည်း ပိုကောင်းလာပါတယ်။

(၆) ဆေးလိပ် ဆက်သောက်နေတဲ့သူနဲ့စာရင် မိမိက အဆုတ်ကင်ဆာနဲ့ သေဆုံးနိုင်ခြေ တစ်ဝက် လျော့ကျသွားပါပြီ။ အသံအိုးကင်ဆာနဲ့ ပန်ကရိယကင်ဆာ ဖြစ်နိုင်ခြေလည်း ကျဆင်းသွားပြီ ဖြစ်ပါတယ်။

(၇) ဆေးလိပ် စပြီးဖြတ်တဲ့အချိန်မှာတော့ ဒါက ခက်ခဲကြမ်းတမ်းတဲ့ ခရီးရှည်ကြီးလို့ ခံစားရပေမယ့် ဖြတ်ကာစ ရက်တွေမှာ ခံစားရတဲ့ ခေါင်းကိုက်တာတွေ၊ မအီမသာဖြစ်တာတွေက မှုန်မွှားတဲ့မှတ်ဉာဏ်လေးတွေအဖြစ်ပဲ ကျန်ခဲ့မှာပါ။

ဒါတွေက ခံစားနေတဲ့အချိန်မှာတော့ ဘယ်လိုမှ သည်းမ ခံနိုင်ပေမယ့် စိတ်ပိုင်းဖြတ်ထားမယ်ဆိုရင် ကျော်လွှားသွားနိုင်မှာပါ။ ဆေးလိပ်ဖြတ်လို့ ရလာမယ့်အကျိုးတွေက ခံစားရတာတွေနဲ့ မနှိုင်းယှဉ်နိုင်အောင် တန်ဖိုးကြီးမားပါတယ်။

ဒါကြောင့် ဆေးလိပ်သောက်သုံးတတ်သူဆိုရင် ကျန်းမာရေးအတွက် ကောင်းကျိုးမပေးတဲ့ဆေးလိပ်ကို လုံးဝရှောင်ကြဉ်ဖို့ တိုက်တွန်းလိုက်ပါတယ်။

ဆေးလိပ့်​မ​သောက်​ပါ | Ecency