ကမ္ဘာကျော်ပြဇာတ်ရေးဆရာ၊ စာရေးဆရာဖြစ်တဲ့ ဝီလျံရှိတ်စပီးယားရဲ့ မှတ်သားဖွယ်အဆိုအမိန့်တွေထဲကတချို့ကိုWowBoxပရိတ်သတ်တွေ လေ့လာမှတ်သားနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။
၁. ချစ်မလား ? မုန်းမလား ?
ငါ့ကိုချစ်မလား ? မုန်းမလား ?
ကြိုက်တာကိုရွေးချယ်ပါ ဒါမင်းစိတ်ကြိုက်ပဲလေ…
ငါ့ကိုချစ်မယ်ဆိုရင်တော့ မင်းနှလုံးသားထဲမှာငါရှိနေမှာပေါ့…
ငါ့ကိုမုန်းမယ်ဆိုရင်လည်းမင်းစိတ်ထဲမှာ ငါ့ကိုအမြဲအမှတ်တထင်ရှိနေမှာပါပဲ…။
၂. အချစ်ဆိုတာ
အချစ်ဆိုတာသက်ပြင်းတချို့နဲ့ ထုဆစ်ထားတဲ့ အခိုးအငွေ့တွေပါ။
၃. အရှုံးမရှိ
ပြိုင်ပွဲတစ်ခုကိုဘယ်တော့မှ မရှုံးမယ့် နည်းလမ်းတစ်ခုကတော့ အဲ့ပြိုင်ပွဲကိုလုံးဝဝင်မပြိုင်တာပါပဲ။

၎. အမှား
အားလုံးကိုချစ်ပါ။ လူတချို့ကိုပဲယုံပါ။ ဘယ်သူ့အပေါ်မှ အမှားမလုပ်ပါနဲ့။
၅. အသိ
သင်ဖော်ပြနိုင်တာထက် ပိုရှိပါစေ။
သင်ရှိတာထက် ပိုမပြောမိပါစေနဲ့။
၆. မျှော်လင့်ချက်
အသည်းကွဲရခြင်းရဲ့ မြစ်ဖျားခံရာကိုခြေရာကောက်ကြည့်တော့ မျှော်လင့်ချက်တွေကြောင့် ဖြစ်တာတွေ့ရတယ်။