အငံမစားသင့်

mgmg(40)
Published in
#esteem
Words
64
Reading
1 min
Listen
Play
8y

ပရိသတ်တွေအတွက် အငန်ဓာတ်လွန်ကဲအောင် စားသုံးတဲ့အခါ ဖြစ်လာနိုင်တဲ့ ကျန်းမာရေး ပြဿနာရဲ့ လက္ခဏာအချို့ကို ပြောပြပေးလိုက်ပါတယ်။
(၁) ရောင်ယမ်းလာခြင်း

အငန်ကို ကာလကြာရှည် လွန်ကဲစွာစားသုံးမိမယ်ဆိုရင် ခြေထောက်တွေ ၊လက်တွေ ဖောင်းပြီး ရောင်ရမ်းလာနိုင်ပါတယ်။

(၂) ရေဆာလာခြင်း

ဆားမှာတွေ့ရတဲ့ ဆိုဒီယမ်ဓာတ်က ခန္ဓာကိုယ်ထဲက အရည်တွေကို မျှတအောင်လုပ်ဆောင်ပေးတာ ဖြစ်ပါတယ်။ အငန်ဓာတ်က လူခန္ဓာကိုယ်မှာ လွန်ကဲနေပြီဆိုရင်တော့ ရေအလွန်အမင်းဆာလောင်တဲ့ ပြဿနာကို ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။

(၃) အရိုးအဆစ်နာကျင်ခြင်း

အငန်ဓာတ်အလွန်အကျွံစားသုံးမိတဲ့အခါ ကျောက်ကပ်က အဲဒီဓာတ်တွေကို လုံးဝရှင်းထုတ်ဖို့ အဆင်မပြေတာကြောင့် ကယ်ဆီယမ်ဓာတ်တွေကို တဖြည်းဖြည်းလျော့စေနိုင်ပါတယ်။ နာတာရှည် ကယ်လ်ဆီယမ်လျော့နည်းမယ်ဆိုရင် အရိုးနဲ့ကြွက်သားတွေကို ထိခိုက်စေနိုင်ပါတယ်။

(၄) ခေါင်းကိုက်ခြင်း

အငန်ဓာတ်အများကြီး

စားသုံးမယ်ဆိုရင် ခေါင်းကိုက်ခြင်း ခေါင်းထိုးခြင်း ရောဂါလက္ခဏာတွေ ဖြစ်နိုင်ပါတယ်။ သွေးရဲ့ထုထည်က ကြီးလာပြီးသွေးကြောလေးတွေကို ဖောင်းကြွစေနိုင်တာကြောင့် ခေါင်းထိုးတာ ခေါင်းကိုက် တာ ဖြစ်စေတာပါ။

ဒီအချက်တွေကြောင့် အငန်ဓာတ်လွန်ကဲစွာ စားသုံးခြင်းကို လျော့ချသင့်ပါတယ်။