အားကစားသမား

mgmg(40)
Published in
#esteem
Words
143
Reading
1 min
Listen
Play
8y

၁၉၉၂ ခုနှစ်ရဲ့ နွေရာသီ အိုလံပစ် အားကစားပြိုင်ပွဲရဲ့ ဆီမီးဖိုင်နယ် မီတာ ၄၀၀ ပြိုင်ပွဲအတွင်းက အဖြစ်အပျက်တစ်ခုကိုတော့ တစ်ကွင်းလုံးမှာ ရှိတဲ့ ပရိတ်သတ်အားလုံးက အံသြချီးမွမ်းမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ဗြိတန် နိုင်ငံကိုယ်စားပြုအဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ အပြေးသမားလေး Derek Demond အနေနဲ့ကတော့ မီတာ ၄၀၀ အပြေးပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

ပြိုင်ပွဲအစမှာ Derek အနေနဲ့ အကောင်းမွန်ဆုံး အနေအထားနဲ့ ရှေ့မှာ ဦးဆောင်နေခဲ့တာလည်း ဖြစ်ပါတယ်။

ဒါပေမယ့် ကံကြမ္မာဆိုး ကြီးက ပန်းတိုင်ကို ရောက်ဖို့ မီတာ ၂၅၀ အလိုလောက်မှာ ရုတ်တရက် ပြေးတာကနေ ရပ်လိုက်ရပါတယ်။ ဒီအချိန်မှာ ကြီးကြပ်သူများ အနေနဲ့ သူ့ကို ဆက်မပြေးတော့ဖို့ ပြောကြားခဲ့ပါတယ်။ အနာတရ ရရှိသွားတဲ့ အတွက် ဆက်လက်မပြေးဖို့ ပြောပေမယ့် အပြေးသမား အနေနဲ့ နာနေတဲ့ ကြားကနေ သူ့ရဲ့ ပြေးလမ်းအတိုင်း ဆက်သွားခဲ့ပါတယ်။ ဒီအချိန်မှာ လုံခြုံရေး လူတွေကြားထဲက နည်းနည်း ခပ်ဝဝ လူကြီးတစ်ယောက်ဟာ သူ့အနားကပ်သွားခဲ့ပါတယ်။ ဒါကတော့ အခြားသူ မဟုတ်ပါဘူး။

ဖခင်တစ်ယောက် အနေနဲ့ သားတစ်ယောက် အကူအညီလိုတဲ့ အတွက် ဖခင်တစ်ယောက်အနေနဲ့ သားဖြစ်သူနဲ့ အတူ အဆုံးထိ ပြေးဖို့ ဆုံးဖြတ်ချက်ချ သွားရောက်ရာမှာတော့ ဖခင်အနေနဲ့ “သား လက်လျော့လိုက်ပါ။ အခုလို မလုပ်သင့်ဘူးလို့” ပြောခဲ့ပေမယ့် သားကတော့ “လုပ်ကို လုပ်ရမယ်” လို့ ပြန်လည် ပြောကြားရာမှာ ဖခင်အနေနဲ့ မင်းနဲ့အတူ အဆုံးထိ ပြေးကြတာပေါ့လို့ ဆိုပြီး ပြေးလမ်းအတိုင်း ဆက်လျောက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

နိုင်ငံကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်ခဲ့တဲ့ Derek အနေနဲ့ ရွှေတံဆိပ်ဆုကို မရခဲ့ပေမယ့် ၁၉၉၂ ခုနှစ် နွေရာသီ အိုလံပစ် ပွဲကြည့် ပရိတ်သတ်များရဲ့ နှလုံးသားကို ဖမ်းစားနိုင်ခဲ့ပြီး လက်ခုပ် သြဘာများနဲ့ ကွင်းလုံးပြည့် လျှံခဲ့ရပါတယ်။

ကျွန်တော်တို့ လျောက်လမ်းနေတဲ့ ဘဝခရီးမှာ တစ်ခါတစ်လေ ရှုံးနိမ်မှုတွေကြားက အနည်းငယ်သော မျှော်လင့်ချက် ဒါမှမဟုတ် မလျော့သော ဇွဲနဲ့ ကြိုးစားကြရင်း အခက်အခဲတိုင်းကို ကျော်လွှားနိုင်တဲ့ သူများ ဖြစ်ကြပါစို့လို့ တိုက်တွန်း ပြောဆိုရ

အားကစားသမား | Ecency