ပျိုမေလေးတွေရေ ပိန်ပိန်ပါးပါးလှချင်ရင်တော့ လေ့ကျင့်ခန်းလုပ်ပြီး အစားအသောက်ထိန်းသိမ်းရမှာနော်…
တချို့မိန်းကလေးတွေက ပိန်ချင်လို့အသီးအနှံတွေရွေးချယ်စားသုံးတတ်ကြပါတယ်။ အသီးအနှံတွေက ကယ်လိုရီနည်းပေမယ့်လည်း အချို့အသီးအနှံတွေက ကိုယ်အလေးချိန်ကျဖို့အတွက်အဆင်မပြေအောင် ကယ်လိုရီတွေများနေတတ်ပါတယ်။
ဝိတ်ချချင်တဲ့ပျိုမေတွေလည်း ဒီလိုအသီးအနှံတွေကို ရှောင်လို့ရအောင်လို့ မမ Wowbox ကပြောပြပေးလိုက်ပါတယ်နော်…
** သရက်သီး
ပျိုမေတို့ရေ သရက်သီးမှာဆိုရင် ကာဗွန်ဟိုက်ဒရိတ်ဓာတ်တွေ အများကြီးပါဝင်ပါတယ်တဲ့။ အဲဒီကာဘွန်ဟိုက်ဒရိတ်တွေက ကိုယ်အလေးချိန်ကျဖို့ကို နှေးကွေးစေနိုင်ပါတယ်။
** စပျစ်သီး
စပျစ်သီးမှာဆိုရင်တော့ သကြားဓာတ်တွေ ပမာဏအများကြီးပါဝင်တာဖြစ်ပါတယ်နော်။ စပျစ်သီးအခွံဟာဆိုရင်လည်း အစာချေဖျက်ဖို့ ခက်ခဲပြီးတော့ စပျစ်သီးမှာပါဝင်တဲ့ အက်စစ်ဓာတ်ကတော့ ပျိုမေတို့ သွားလှလှလေးတွေရဲ့ ကြွေလွှာတွေကို ပျက်စီးစေနိုင်ပါတယ်။
** အသီးဖျော်ရည်
အသီးဖျော်ရည်တွေက ကျန်းမာရေးနဲ့ညီညွတ်ပါတယ်။ ဒါပေမဲ့ အသီးဖျော်ရည်တွေမှာ သကြားနဲ့ဆားတွေ အများကြီးထည့်ပြီး သောက်သုံးမယ်ဆိုရင်တော့ ကယ်လိုရီတွေပိုတက်စေနိုင်ပြီး ကျန်းမာရေးကိုလည်း ထိခိုက်စေ နိုင်ပါတယ်။
** ထောပတ်သီး
ထောပတ်သီးမှာဆိုရင် ကယ်လိုရီတွေမြင့်မားစွာပါဝင်ပါတယ်။ အကောင်းဆုံးကတော့ ဝိတ်ချ ချင်တဲ့သူတွေ ထောပတ်သီးစားသုံးချင်တယ်ဆိုရင် ပမာဏအနည်းငယ်သာ စားသုံးဖို့ပါ။
** သစ်တော်သီး
ပျိုမေတို့ရေ သစ်တော်သီးဟာဆိုရင်တော့ အူမကြီးရဲ့အလုပ်လုပ်ဆောင်မှုတွေကို နှောင့်နှေးစေနိုင်ပါတယ်။ နောက်ပြီးတော့ ဝမ်းချုပ်တာကိုလည်းဖြစ်စေနိုင်ပါတယ်။
ဝိတ်ချနေတဲ့ပျိုမေလေးတွေ ဒါလေးတွေကို ရှောင်သင့်ပါတယ်နော်…