My teacher teach this lesson .I share for you that is very good.
meechit
MSC 109
Learn the steps to be followed either
1-strong coarse to learn his craft is essential that you know. Corresponding to pre-read books.
Saya Tin Hlaing Oo
ဆရာရဲ့စာသားတွေကကောင်းလွန်းလို့ ခွင့်တောင်းပြီးပြန်တင်ပေးတာပါ အကျိုးရှိကြပါစေ
meechit
MSC 109
ပညာတစ်ခုခုကို သင်ယူတိုင်း လိုက်နာကျင့်သုံးရမည့်အချက်များ
၁-မိမိလေ့လာသင်ယူမည့် ပညာကို အကြမ်းပြင်း သိထားဖို့လိုအပ်ပါတယ်။ သက်ဆိုင်တဲ့ စာအုပ်တွေကိုလည်းကြိုတင်ဖတ်ထားပါ။
၂-မိမိသင်ယူမည့်ပညာကို ဘယ်နေရာမှာ အသုံးချမယ်ဆိုတာကို ကြိုတင်သိထားဖို့ မြင် ထားဖို့လိုအပ်ပါတယ်။
၃-ပညာတစ်ခုကိုသင်ယူတိုင်း နောင်တစ်ချိန်မှာ ဘယ်နေရာမှာအသုံးချမယ်ဆိုတာ အစ ကတည်းကအဆုံးမြင်အောင်ကြည့်ပါ၊ မိမိလိုချင်တဲ့ပညာတွေ ဟုတ်ရဲ့လားဆိုတာကို လည်းတိတိကျကျလေ့လာပါ၊ မလိုအပ်ဘဲ မိမိအသုံးမချတဲ့ ပညာတွေအတွက် အချိန်နဲ့ ငွေမဖြုန်းသင့်ပါဘူး။
၎-သင်ယူနေတဲ့ပညာရပ်တိုင်းကို အကြိမ်ကြိမ်လေ့ကျင့်ခြင်းဟာ သင်ယူခြင်းရဲ့ မိခင်ဖြစ်ပါ တယ်။
၅-သင်ယူပြီးတဲ့ပညာရပ်များကို ချက်ခြင်းအသုံးချပေးရမယ်။
၆-သင်ယူနေတဲ့ပညာရပ်များကို ပိုမိုတတ်မြောက်ချင်ရင် လူတစ်ယောက်ယောက်ကို ပြန်လည်သင်ကြားပေးပါ။
၇-သင်ယူပြီးသားပညာရပ်များကို လုပ်ကိုင်စားသောက်ဖို့အတွက် အလွတ်ရတဲ့အထိ ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။
၈-မိမိသင်ယူပြီးသားပညာရပ်များကို မမေ့အောင် အမြဲတမ်းအကြိမ်ကြိမ် ထပ်မံလေ့ကျင့် ပေးရမယ်။ သင်ပြီးမသုံးရင်တော့ မေ့မှာပဲ။
၉-လေ့ကျင့်ခြင်းဟာ ကျွမ်းကျင်မှုကိုဖြစ်စေပါတယ်။ Pritest make perfect. ဆိုတာက တော့တစ်ဝက်ပဲမှန်ပါတယ်၊ အစကတည်းက မှန်မှန်ကန်ကန်လေ့ကျင့်ထားမှသာလျှင် ကျွမ်းကျင်မှုကိုဖြစ်စေတာပါ။ Perfect pritest make perfect.
၁၀-တစချို့ပညာရပ်များကို လူမသိအောင်လေ့ကျင့်ထားရမယ်၊ လူမသိပေမယ့် သဘာဝ တရားကသိတယ်၊ တသ်ရက်ကြရင် ထင်ပေါ်လာတဲ့အခါမှာ စင်တော်ကကောက်ခြင်း ခံရမှာပဲ။
၁၁-သင့်ရဲ့ သင်ယူချင်တဲ့စိတ်ထားဟာ သင့်ရဲ့အောင်မြင်ချင်တဲိ့စ်တထားကို တင်ပြနေခြင်း ဖြစ်ပါတယ်၊ ဒါကြောင့်ဘယ်လိုစိတ်ထားမျိုးနဲ့ ပညာကိုလေ့လာသင်ယူနေသလဲ။
၁၂-သင်ယူထားသမျှပညာရပ်တွေကို ကိုယ်တွေ့ရှိအောင် အမြဲတမ်းအသုံးချပါ၊ သင်ပြီးသား ပညာရပ်တွေကို အသုံးမချရင် မသင်ရသေးတာနဲ့ မသိသေးတာနဲ့တူပါတယ်။
၁၃-ပညာတစ်ခုကို သိမ်းဖို့သင်ယူမှာလား ကျင့်သုံးဖို့သင်ယူမှာလားဆိုတာ အမြဲမေးပြီးမှ သင်ယူပါ။
၁၄-မိမိကိုယ်တွေ့မလုံလောက်ရင် အောင်မြင်သူတွေရဲ့ အတွေ့အကြုံကောင်းတွေကို လိုက်လံစုဆောင်းသင်ယူပါ။
၁၅-မိမိလုပ်နေတဲ့လုပ်ငန်းနဲ့ပတ်သက်တဲ့ စာအုပ်စာပေကောင်းတွေကို နေ့စဉ် မိနစ်(၃၀) ဖတ်ရှု့ပေးပါ။ ဖတ်ပြီးရင် ချက်ခြင်းအသုံးချပါ၊ အသုံးချဖို့အတွက် စာဖတ်ခြင်းမျိုးပဲ ဖြစ်ရမယ်။ စာဖတ်တာကို အပျင်းပြေသဘောမျိုးနဲ့ မဖတ်သင့်ပါဘူး။
ဆရာတင်လှိုင်ဦး(သရက်)
photo crd#shwepyi thit