စွဲလမ်းမှု

Words
41
Reading
1 min
Listen
Play
8y

နီးလ်ဟီးလ်ဘွန်းန်ရဲ့ ကဗျာဟာ “OCD” စိတ်ရောဂါဝေဒနာ အကြောင်းကို အချစ်အလွမ်း ကြေကွဲမှုခံစားချက်ကြမ်းကြမ်းနဲ့ ရောစပ်ဖွဲ့ဆိုထားတဲ့ ကဗျာဖြစ်ပါတယ်။ အသက် ၁၈ နှစ်ကနေ ၅၄ နှစ်အတွင်း စုစုပေါင်းလူဦးရေရဲ့ ၂ ရာခိုင်နှုန်းကျော်ဟာ OCD ဝေဒနာရှင်တွေလို့ OCD ဝေဒနာအကြောင်း ဝက်ဘ်ဆိုဒ်တစ်ခုက ဆိုပါတယ်။ စိတ်စွဲလွန်ဝေဒနာရှင်တွေရဲ့လက္ခဏာ တချို့ကတော့ လက်ခဏခဏ ဆေးရမှ နေသာထိုင်သာရှိတာ၊ တချို့အရောင်တွေကို ကြောက်ရွံ့တာ၊ တစ်ခုခုလုပ်ရင် ဘယ်နှစ်ကြိမ်ဆိုပြီး အကြိမ်အရေအတွက် အတိအကျ လုပ်ရမှ စိတ်အေးသွားတာ စတဲ့ အလွန်အကျွံ စွဲလမ်းမှု မျိုးစုံပါပဲ။
manangroung@manangroung