Sagaing Fruit (Part-2)

Words
203
Reading
1 min
Listen
Play
8y

စစ်ကိုင်းသီး (or) တရုတ်ဇီးသီးအကြောင်း (အပိုင်း-၂)

Hello , all steemit member .

ကျမတို့ စစ်ကိုင်းဒေသ မှထွက်ရှိသည့် အသီး များကိုတော့ မြို့ခံ နယ်ခံများက
တရုတ်ဇီးသီး ဟု ခေါ်ဆိုကြပြီး အခြားနယ်များတွင်တော့ နှင်းသီး နဂါမျက်လုံးသီး ဟူ၍ ခေါ်ဆိုကြသည်ဟု သိရှိရပါသည်

အသီးစတင်သီးချိန် ကဆုန် နယုန်လ လောက်ဆိုလျင် တရုတ်ဇီသီးများသည် အပင်ထက်၌ အစိမ်းရောင် အသီးစိမ်းလေးများဖြင့် အခိုင်လိုက် ပြွတ်သိပ်စွာ သီးးနေကြပြီ ဖြစ်ပါသည်

image

ထိုအချိန်လောက် ဆိုလျင် တရုတ်ပြည်သို့ တရုတ်ဇီးသီး တင်ပို့ရောင်းချကြ
မည့်သူများ မန္တလေးမှ တရုတ်များ တရုတ်ဇီးသီး ခူးဆွတ်ရောင်းချကြသူများ
သည်

စစ်ကိုင်းမြို့ ဝန်ကျင်ရှိ တရုတ်ဇီးသီးပင် ရှိသော နေအိမ်များ တရုတ်ဇီးသီး
ခြံများတွင် လိုက်လံ၍ အပင်ပြတ်ဝယ်ယူ ကြပါတော့သည်

အပင်ပေါ်ရှိ တရုတ်ဇီးသီး အခိုင်များအသီးပါဝင်မှု့ကို ကြည့် ၍ အပက်ပြတ်
ဈေးဖြင့် ဈေးဖြတ်၍ ဝယ်ယူ ကြပါသည်

ထို အပင်ပြတ်ဝယ်ယူထားသူများသည် တရုတ်ဇီးသီးရင့်ချိန် ခူးဆွတ်ချိန်ရောက်ပါမှ လာရောက်ခူးယူ ရောင်းချကြပါသည်

တော်တေိာများများ တရုတ်ဇီးသီး ပင် ပိုင်ရှင်များသည် အပင်ပြတ်ရောင်ချ ကြသည်ကိုတွေ့ရပါသည်

တရုတ်ဇီးသီး ခူးဆွတ်ချိန်ရောက်ပါက အပင်ပေါ်သို့တက်၍ ခူးဆွတ်မည့်သူ
မရှိခြင်း တရုတ်ဇီးသီးများမရင့်မှည့်မှီတွင် ရှဉ့်များကျေးငှက်များ ကိုက်ဖြတ် စာသုံးခြင်းမှကင်ဝေးရန် တရုတ်ဇီးသီး အခိုင်များတွင် စက္ကူအိတ် ခြင်းများစွပ်၍ အသီးတင်စေရန် မပြုလုပ်နိုင်ခြင်း ငွေကြိုတင် သုံးစွှဲ လိုခြင်း စသည်တို
့ကြောင့် အပက်ပြတ် ရောင်ချကြခြင်းဖြစ်ပါသည်

တရုတ်ဇီးသီး ကို အပင်ပြတ်ဝယ်ယူ၍ တရုတ်ပြည် တက်ပို့ရောင်းချသူများ
ကတော့ တွက်ခြေကိုက်ကြတာများပါသည်

တရုတ်ဇီးသီးပင် အပင်ပြတ်ဈေးမှာ အပင် အကြီးအသေး သီးသည့်အခိုင်
အနည်းအများ အသီးအကြီးအသေး ပိဿာချိန်ရနိုင်သည့် ပေါ်မူတည်၍ ငွေ ၃သောင်းကျပ် မှ ၅သောင်းကျပ် ဝန်ကျင်သာ ရတတ်ကြပါသည်

အလယ်အလတ် တရုတ်ဇီးသီးပင် တစ်ပင်လျင် တရုတ်ဇီးသီ ပိဿာချိန်မှာ
အချိန် ၂၀ မှ ၅ ခန့် ရရှိနိုင်ပါသည်

မြေ ရေကောင်းသည့်နေရာတွင် ပေါက်ရောက်သည့် တရုတ်ဇီးသီးပင်တွင်
သီးသည့် အခိုင်များ များပြီး အသီးမှာ အသားထူ အလုံးချောမည် အပင်ကြီးမည် ဆိုပါက ပိဿာချိန် ၇၀ မှ ၁၀၀ ကျော်ထိပင် ရရှိစေပါသည်

ယခုနှစ် မန္တလေးမြို့ရှိ ဈေးများတွင် တရုတ်ဇီးသီး ၁ ပိဿာ လျင် အလုံးချော
ပေါ် မူတည်၍ ၅၀၀၀ ကျပ် မှ ၁၀၀၀၀ ကျပ်အထိ ရောင်ချကြပါသည်

တရုတ်ဇီးသီး ပိဿာချိန် အချိန် ၅၀ ရရှိသည့် အပင် တစ်ပင် ကို ၅၀၀၀ ကျပ်
ဖြင့် တွက်မည် ဆိုပါက ကျပ် ၂၅၀၀၀၀ ရရှိကြတာမို့ အပင်ပြတ်ဝယ်ယူသူများ
များပြားခြင်းဖြစ်ပါသည်

အပင်ပြတ်ရောင်းချသည့် အပင်ပိုင်ရှင် များအနေနဲ့ကတော့ မိမိတို့အိမ်သားများပင် တရုတ်ဇီးသီး စားသုံးခွင့်မရကြတော့ပါ

… ဆက်ရန်…

mamamyanmar@mamamyanmar

Sagaing Fruit (Part-2) | Ecency