မင်္ဂလာပါချစ်မိတ်ဆွေအပေါင်းတို့။ ရာဇာဓိရာဇ်နဲ့ မင်းရဲကျော်စွာ အကြောင်းကို ဆက်လက် တင်ပြပေးမှားဖြစ်ပါတယ်။ ထိုအကြောင်းအရာကို မရေးခင် မှန်၏ မမှန်၏ကို ကျွန်တော်အာမမခံနိုင်ပါ။ စာအုပ်ရေးသားသူရဲ့အာဘော်လည်းပါနိုင်သလို ရှေ့ဘဝနောက်ဘဝတွေ ပါတဲ့အတွက် ယုံခြင်း မယုံခြင်းကို မိတ်ဆွေတို့ ဘာသာဆုံးဖြတ်ပါ။
ဗဟုသုတအနေနဲ့ဘဲ ဖတ်ပေးပါ။ ကျွန်တော်ဒီအကြောင်းရေး မယ်လို့ အပိုင်း(၁) မှာ ရေးထားတော့ ကိုးကားတဲ့ဟာတွေ မှန်ဘို့ ပြန်ဖတ်ရ ရှာခဲ့ရပါတယ်။ ဖတ်ထားတာ ဆယ်စုနှစ်ကျော်ပြီဆိုတော့ အချက်အလက်တွေက အတိအကျ မသိတော့ဘူး။ စာအုပ်မရှိတော့ download ဆွဲပြီး ပြန်ဖတ်ပါတယ်။ ရှာပါတယ်ဆိုမှ ထိုအကြောင်းအရာကို မတွေ့ဘူးဗျို့။ ဟိုက် ဒုက္ခဘဲပေါ့။ စာအုပ်မှားမှတ်မိတယ်ထင်တယ်။ မှန်းနန်းရာဇဝင် စာအုပ်လိုလို ဖြစ်ကုန်ရော။ အထက်နဲ့အောက် စုန်ချီ ဆန်ချီ လိုက်ရှာရတာ မျက်စိတွေတောင် ပြာလာတယ်။ သမိုင်းကြောင်းရေးရင် ပိုသတိထားရတယ်လေ ၊စာအုပ်ကို မှီငြမ်း မယ်ဆိုရင်လည်း သေချာဘို့ လိုတယ်မဟုတ်လား။ အချက်အလက် အထောက်အထားယူပြီးရင် ကိုယ့်ရေးသားပုံနဲ့ တင်ဆက်ရမှာပေါ့။ စာရေးဆရာ နိုင်းပန်းလှဟာ စာရေးသားပုံတော်တော်ကောင်းတယ်။ စာကို စိတ်ဝင်စားအောင်ရေးတတ်သလို စာရေးသားမှုလည်းကျွမ်းကျင်တယ်။ ကျွန်တော့်မှာ လိုချင်တာကို မရှာနိုင်ဘူး၊ ဖတ်ကောင်းလို့ မျောသွားတာ ပြီးခါနီးထိဘဲ။ တွေ့မှတွေတော့လည်း ပြီးခါနီးမှ တွေ့တာ။ တွေ့ပေမယ့် တစ်ပိုင်းဘဲ ပါတော့ နောက်အပိုင်းကို ဆက်ရှာရတာပေါ့။ ဒါပေမယ့် ဝမ်းတော့သာသွားပြီ၊စာအုပ်များလွဲပြီလားလို့ စိုးရိမ်နေတာကို။ ဒီအကြောင်းတွေ ဘာလို့ပြောနေရသလဲဆိုရင် ကျမ်းကိုးစာရင်း က အရေးကြီးကြောင်း ပြချင်လို့ပါ။
ဘုရင် ရာဇာဓိရာဇ်ဟာ နန်းမတတ်ခင်ကတည်းက မိန်းမနဲ့ ခလေးရှိပါတယ်။ ပဲခူးမှာ သူ့အတွက်မလုံခြုံတော့ ဒဂုံကို ရှောင်တိမ်းရပါတယ်။ သူ့မိန်းမက တလမည်ထော်ပါ။ ပြောရရင် ငယ်ချစ်ပေါ့။ နှမလည်း ဖြစ်ပါတယ် ။သားဦးနာမည်က ဗောလောကျန်းထောပါ။ထွက်းပြေးတိမ်းရှောင်တော့ ထိုသားအမိဟာ ပဲခူးမှာဘဲ ကျန်ခဲ့ပါတယ်။
ရာဇာဓိရာဇ် ဘုရင်ဖြစ်တော့ နန်းတက်ပွဲမှာ ဆီသည်မကို မိဖုရားခေါင်ကြီးပေးပြီးနန်းတက်တယ်။ လုပ်ရက်ပါပေ့ မောင်ကြီးရယ် ၊ နှစ်အပိုင်းအခြား ဘယ်လောက်မှမရှိတာကို လုပ်ရက်တယ်ပေါ့။ ငယ်ချစ်နှမကို စိမ်းကားရက်ပါပေ့။ နောက်တော့ စိမ်းကားရက်စက်တာ မခံနိုင်တော့ တလမည်ဓောဟာ ကိုယ့်ဘာသာအဆိပ်သောက်ပြီး သေကြောင်းကြံသွားတယ်။ ရာဇာဓိရာဇ်ဟာ မိန်းမတင်မဟုတ်ဘဲ သားကိုလည်း ဂရုမစိုက်ပါဘူး။ အမိမယ့်သား ဆင်စီး မြင်းစီး လေ့ကျင့်တာကို အထောက်တော်တွေလျှောက်တော့ သတ်စေတဲ့ဗျာ။ ကျွန်တော်လည်း တော်တော် အံ့သြသွားတယ်။ ဘယ်လိုအဖေလည်းပေါ့။ သတ်တဲ့အရွယ်လည်းကြည့်ဦး ၁၁နှစ် ၁၂နှစ် လောက်ဘဲရှိသေးတယ်။ ထီးနန်းကို လုမှာစိုးလို့တဲ့ ၊အမေ့အတွက် ကလဲ့စားချေမှာကြောက်လို့တဲ့ အံ့သြဘဗျာ။ ကျွန်တော်ဆို ထိုအခန်းဖတ်တဲ့အချိန် သနားနေမိတယ်။ သူ့ကို လာပြောတော့ ခလေးက တည်တည်ငြိမ်ငြိမ်ဘဲ။ တစ်ခွန်းတော့ ပြောလိုက်တယ် ရှင်ဘုရင့်သား ဆင်စီး မြင်းစီး လေ့ကျင့်တာအပြစ်လားတဲ့။ သတ်ဆိုလည်းသတ်ပေါ့ဦးရာ မသတ်ခင် ရွှေမော်ဓော ဘုရားကိုဦးခိုက်ပါရစေလို့ အဲကောင်ဗိန်ပြောတော့ ဦးခိုက်ပါတဲ့။ ရွှေမော်ဓောဘုရားမှာ အလှူအတန်းပြုပြီး သစ္စာဆိုပါလေရော။ သူဟာ အပြစ်မရှိဘဲ ဖခမည်းတော်က အပြစ်ရှာပြီး ကွက်မျက်ခံရမှာပါ။ ဤမှန်ကန်သောသစ္စာစကားကြောင့် ရန်သူ့ဘုရင်ရဲ့သားဖြစ်ပြီး ရာဇာဓိရာဇ်ကို စစ်ထိုးရပါလို၏လို့ ဆုတောင်းသတဲ့။
ကျွန်တော်ကတော့ ဒီနေရာမှာ နည်းနည်းချန်ထားတယ်လို့တော့ ထင်တယ်။ စစ်ထိုးရုံလောက်တော့ သစ္စာဆိုပြီး ဆုတောင်းမှာ မဟုတ်ဘူးလေ။ သမိုင်းဆိုတော့ လည်း ထိုအတိုင်းဘဲပေါ့ဗျာ။ ထိုအကြောင်းကို ရာဇာဓိရာဇ် ပြန်ကြားတော့ ထိတ်လန့်တာကို ကြည့်ရင် သိနိုင်ပါတယ်။ မင်းသားလေးက အသတ်မခံဘဲ သူ့အမေသောက်ခဲ့တဲ့ အဆိပ်ဘဲသောက်ပြီးသေသွားတယ်။ သြော်ရာဇာဓိရာဇ် ရာဇာဓိရာဇ် ဘယ်လို အသည်းနှလုံးနဲ့များ လုပ်ရက်နိုင်ပါလိမ့်။ ကြောက်တော့ကြောက်တတ်သားဗျ။ ထိုသတင်းလည်းကြားရော ရွှေမော်ဓော ဘုရားကို လုံးတော်ပြည့် ရွှေသင်္ကန်းကပ်ပြီး သူကလည်းသစ္စာဆိုဆုတောင်းပြန်ရော။ နိဗ္ဗာန်မရမှီစပ်ကြားမှာ သူတိုက်တဲ့စစ်ပွဲတိုင်း နိုင်ရပါလို၏တဲ့။ ဒါလည်းဟမယ်လို့ထင်တယ်။ သူဘယ်လိုဆုတောင်းလည်း ရာဇာဓိရာဇ်ဘဲပိုသိမယ်လို့ထင်ပါတယ်။ မင်းသားက နာကျဉ်းနေတော့ သူ့လူတွေကြားအောင် အသံထွက် ဆုတောင်းတာဖြစ်နိုင်တယ်။ ဒါကကျွန်တော့်အတွေးပါ။ ထင်မြင်မှုသက်သက်ပါ။စာအုပ်ထဲမပါပါဘူး။ မင်းရဲကျော်စွာနဲ့ ပက်သက်တာက အခုမှစမှာ။ postကလည်းရှည်နေပြီဆိုတော့ နောက်အပိုင်းစောင့်မျှော်ပေးပါ ချစ်မိတ်ဆွေတို့ရေ။
အားလုံးကို ကျေးဇူးတင်ပါတယ်။
ကျမ်းကိုး - ရာဇာဓိရာဇ် အရေးတော်ပုံကျမ်း(နိုင်ပန်းလှ)
MSC -228
@mahaw