Hello Zawgyi To Unicode (Zawgyi)
မဂၤလာပါ ခင္ဗ်ာ။
@lwanwai
Msc 045
(Unicode)
မင်္ဂလာပါ ခင်ဗျာ။
ခုတစ်လော မြန်မာ SIM Operater တွေက မကြာမီ မြန်မာစာ စနစ်ကို ဇော်ဂျီ မှ ယူနီ ပြောင်းလဲတော့မယ်ဆိုပြီး စာတွေဝင်လာတာ အားလုံးလဲ သိပြီးကြပါပြီ။
ဒါနဲ့ ကျွန်တော်လည်း ဇော်ဂျီ ကီးဘုတ် သုံးနေရာကနေ ယူနီ ကီးဘုတ် ကို ချိန်းပြီး သုံးလိုက်ပါတော့တယ်။
ကျွန်တော် သုံးနေ မြင်နေကျ စာတွေ ဇောက်ထိုးတွေဖြစ်ပြီး ရွာလည်ပါတော့တယ် ခင်ဗျာ။
ခါတိုင်း Steemit ကို Partico App ကနေ ဝင်ကြည့်ပြီး သုံးတာ အဆင်ပြေပါတယ်။
ခု ယူနီ ပြောင်းပြီးတော့ အဆင်မပြေတော့ဘူး။
အရင်က Esteem app ကနေ စာတွေ ဖတ်မရဘူး အခုတော့ ဖတ်လို့ ရနေပါပြီ။
ကျွန်တော်ကတော့ အပြောင်းအလဲလေးမှာ စာရေး ရတာတွေ စာဖတ်ရတာတွေ အဆင်မပြေမူတွေကို အဆင်ပြေအောင် ကြိုးစားရင်း ယူနီ နဲ့ပဲ ခရီးဆက်ဖြစ်နေပါတယ်။ဒါကြောင့် မိတ်ဆွေတို့ရဲ့ စာတွေ ကျွန်တော့်ဆီမှာတော့ စာလိမ်တွေနဲ့ လာပေါ်နေတာပေါ့ဗျာ။ကျွန်တော်ကတော့ ဖတ်လို့ရဖို့ အဆင်ပြေတဲ့ App လေးတွေနဲ့ ရွေးသုံးနေပါတယ်ဗျာ။
@lwanwai
Msc 045