သူငယ်ချင်းသို့
အနိမ့်အမြင့် အတိုအရှည်
မညီမျှလည်း
ကြံဖန်ဖြည့်စွက် အပြုံးမပျက်ဘဲ
ညီမျှခြင်းကို ဖြစ်စေခဲ့ ...
အတန်းတစ်တန်း ပြီးဆုံးသွားတော့
အေ ဘီ စီဆိုပြီး အတန်းကွဲလည်း
ခင်မက်မပျက် လည်ပင်းဖက်ကာ
တွဲလက်ညီညာ ဖြစ်စေခဲ့ ...
ကျောင်းတွေပြီးတော့ လုပ်ငန်းခွင်ဝင်
သူတစ်လူ ငါတစ်လုပ် အစုံသုပ်ကာ
အဝေးမှာရောက် ခရီးမပေါက်လည်း
တွေ့စဉ်ခဏ ဆုံလာတဲ့အခါ
စကားမပေါက် စနောက်မပျောက်တာ
ငါတို့ ခင်မင်မှုကြောင့်ပါ ချစ်သူငယ်ချင်း ....