ရင်မှာ ဗလာ
စိတ်မှာေ၀၀ါး
ခံစားချက်တို့ ပျောက်ခဲ့ပြီ ...
ငေးမိငေးရာ ငေးပေမယ့်
မျက်ဝန်းထဲမှာတော့
အမြင်ပျောက်ခဲ့ပြီ ...
ပြောမိပြောရာ ပြောပေမယ့်
ပါးစပ်ဖျားက ကိုယ့်စကားကို
ကိုယ်ကိုယ်တိုင်လည်း မသိခဲ့ပြီ ...
တွေးမိတွေးရော တွေးနေပေမယ့်
တောင်စဉ်ရေမရ ဝေခွဲမရဘဲ
စိတ်အစဉ်မှာ နွမ်းလျခဲ့ပြီ ...
သြော် ... နာရီကို ငဲ့ကြည့်တော့
နှစ်ချက်ခွဲပြီး
နေတောင် မွန်းတည့်သွားခဲ့ပြီ ...
စားပွဲပေါ်ကို လှမ်းငေးကြည့်တော့
ကိုယ့်ကို အလုပ်တွေက
မျက်စပစ်ပြနေပြီ ...
ဖြစ်ပြီး ပျက်သွား သဘောတရားကို
သိနားမလည် မရှုမြင်ဘဲ
ပျက်မယ့်သဘောနောက်
တွေးတောလိုက်တော့
စိတ်အလျဉ်မပြတ်သည့်အပြင်
ကိုယ်ခန္ဓာကလည်း ပန်းတော့မည် ...