စာရေးရခြင်း ဒုက္ခ
အတွေးကဆက်
ရေးဖို့ခက်
ဆက်လက်ကြံစည် အားထုတ်တာ ...
ကြံပြန်တော့လည်း
ခက်နေဆဲ
ပူဆဲ ဗျာပါ ရှိလာတာ ...
စိတ်ကြည်မလင်
ပန်းခဲ့ရင်
အဆင် လုံးဝ မပြေပါ ...
ခဏ တစ်ဖြုတ်
ကွမ်းကို မြုံ့
ပါးစုန့် ဖောင်းအောင် ၀ါးကြည့်မှာ ...
ဟိုတွေး သည်ငေး
စိတ်တွေ ဝေး
အက်ဆေးတစ်ပုဒ် ဖြစ်ခဲ့တာ ...
(သံပေါက်ကဗျာ အမျိုးအစားကို စမ်းသပ်ရေးသားကြည့်ခြင်းဖြစ်ပြီး လိုအပ်ချက်များရှိပါက လွတ်လပ်စွာ ဝေဖန်နိုင်ပါသည်။)