"သူမ"........("She".....)

Words
125
Reading
1 min
Listen
Play
9y

ကျောင်း​တွေစဖွင့်​ချိန်​တစ်​ခု...။
ကျွန်​​တော်​ စက်​ဘီး​လေး standမှာထိုးပြီး ​စာသင်​ခန်းထဲဝင်​လာခဲ့တယ်​။ စစဝင်​ဝင်​ချင်းမှာပဲ ကျွန်​​တော်​"သူမ"ကို​တွေ့လိုက်​ရတယ်​။ လှတယ်​သူမို့လို့ စိတ်​ဝင်​စားသွားတယ်​ပဲ​ပြောရမလား ကျွန်​​တော်​မသိ။ "သူမ"ကို ကျွန်​​တော်​သတိထားမိသွားသည်​။ပုံစံက ဖြူ​ဖျော့​ဖျော့ရယ်​။ ခဏအကြာ အတန်းထဲဆရာမ ဝင်​လာ​တော့ ထနှုတ်​ဆက်​ကြရသည်​။"မင်္ဂလာပါ ဆရာမ"။ ဆရာမ နာမည်​​တွေ​ခေါ်​နေချိန်​မှာ ကျွန်​​တော်​နားစွင့်​​နေမိသည်​က ကျွန်​​တော့်​နာမည်​မဟုတ်​။တစ်​ခြားသူ၏ နာမည်​တစ်​ခု..။ကျွန်​​တော်​ အရမ်းသိချင်​​နေ​သော နာမ တစ်​ခု။ဆရာမ ကတစ်​​ယောက်​ပြီးတစ်​​ယောက်​​ခေါ်​နေပြီ။ "သူမ"နာမည်​မပါ​သေး။ "သူမ" "ရှိပါတယ်​ရှင့်​"လို့ထထူးမယ့်​အချိန်​ကို​စောင့်​​နေမိသည်​။ "ဟာ..လူ​တောင်​ကုန်​​တော့မယ်​။သူလည်း​ကျောင်း​ပြောင်းလားမသိဘူး"လို့ကျွန်​​တော်​​တွေး​နေမိသည်​။ထိုစဉ်​ ကျွန်​​တော့်​နာမည်​​ခေါ်သံကြားလိုက်​ရသည်​။"လင်းခန့်​"။..."ရှိပါတယ်​ချင်​ဗျ"။နောက်​နှစ်​​ယောက်​ဆက်​​ခေါ်ပြီး ပြီးသွားသည်​။"ဟာ......."သူမနာမည်​လည်းမ​ခေါ်ဘူး။ကျွန်​​တော်​များမကြားလိုက်​မိ​လေသလား။မဖြစ်​နှိုင်​ပါ..။ကျွန်​​တော်​ တစ်​ချိန်​လုံးသူ့ကိုအာရုံစိုက်​​နေတာပဲ​လေ။ဒါဆို ဒီအခန်းထဲကမဟုတ်​တာလား.....။ကျွန်​​တော်​က​တော့ အခန်းထဲကသာ ဖြစ်​ပါ​စေ ဆု​တောင်းမိသည်​။ဆရာမ စာသင်​​တော့ ကျွန်​​တော်​ သူမကို ခဏတာ သတိ​မေ့သွားသည်​။ ​ကျောင်းစ တက်​ခါစဆို​တော့ စာကသိပ်​မသင်​​သေး။ဘေးမှ သူငယ်​ချင်းအသစ်​များနှင့်​ မိတ်​ဖွဲ့ဖြစ်​သည်​။ယောင်္ကျား​လေး အချင်းချင်း သူငယ်​ချင်းဖြစ်​ဖို့ မိနစ်​ပိုင်းသာ ကြာသည်​။သည်​လိုပဲ ​တောင်​စဉ်​​ရေမရ ၊​တောင်​​ပြော​မြောက်​​ပြော ​ပြောရင်းခင်​သွားကြတာပါပဲ။ ​"သူမ"ကို တစ်​ချက်​တစ်​ချက်​ လှမ်းကြည့်​​နေမိသည်​။ဟော..."​သူမ" ခုံမှ ထလိုက်​သည်​။ပြီး​နောက်​ အတန်းအပြင်​ဘက်​သို့ထွက်​သွားသည်​ အထိကျွန်​​တော်​လိုက်​ကြည့်​​နေမိသည်​။"​ဟေ့​ကောင်​ ..ဘာ​တွေ​ငေး​နေတာလဲ"။ဘေးမှသူငယ်​ချင်း၏ အ​မေး​ကြောင့်​ ကျွန်​​တော်​လန့်​သွားသည်​။"ဘာမှမ​ငေးပါဘူးဟ"။"ဆရာမကိုလည်း ခွင့်​တိုင်​မသွားဘူး"လို့ကျွန်​​တော်​​တွေး​နေမိသည်​။ခဏ အကြာ ​နေ့လည်​​​ကျောင်း​လွှတ်​​ခေါင်း​လောင်းသံကြားလိုက်​ရသည်​။ ကျွန်​​တော်​သူငယ်​ချင်း အသစ်​များနှင့်​အတူ ကန်​တင်းမှာ မုန့်​သွားစားရင်း..."သူမ"ကိုများမြင်​မိမလား..​မျက်​လုံးကစား​နေမိသည်​။မ​တွေ့​​...။မုန့်​စားဆင်းချိန်​ တစ်​ချိန်​လုံး အသွားအလာကိုထိုင်​ကြည့်​​နေသည်​။မ​တွေ့...။ဒီလိုနဲ့ မုန့်​စားဆင်းချိန်​ကုန်​သွားသည်​။"သူမ" ၏အရိပ်​အ​ယောင်​မျှ မ​တွေ့...။အတန်းထဲ ပြန်​ဝင်​​တော့လည်း "သူမ"ထိုင်​သည့်​​နေရာ​လေးကို လှမ်းကြည့်​မိသည်​။မ​တွေ့...။"ဟင်​"..​ကျောင်းပြန်​တက်​တာ​တောင်​သူမ ​ပေါ်မလာ​သေး။"ဘယ်​​တွေများသွား​နေပါလိမ့်​"လို့စိတ်​ထဲက​တွေး​နေမိသည်​။ဆရာမ အတန်းထဲဝင်​လာပြီး စာသင်​​နေသည်​အထိ "သူမ"​ပေါ်မလာ။ကျွန်​​တော်​ စာသင်​​နေသည်​ကိုစိတ်​မဝင်​စား။"သူမ"ဘာ​ကြောင့်​အတန်းထဲပြန်​​ရောက်​မလာသလဲဆိုတာသာ ​တွေး​နေမိသည်​။"သူမ"ထိုင်​ခုံ​နေရာ​လေးသို့ခဏ ခဏကြည့်​မိသည်​။ကျောင်းသာဆင်းသွားသည်​......."သူမ"​ပေါ်မလာခဲ့ပါ။ထို​နေ့ည​နေက ဘယ်​ဘာသာရပ်​ကိုဆရာမသင်​လိုက်​မှန်း ကျွန်​​တော်​မသိပါ...။ထို​နေ့တစ်​​နေ့လုံး ​ခေါင်းထဲမှာ သူမအ​ကြောင်းများသာ.....။ညဘက်​​ရောက်​​တော့ နည်းနည်း​မေ့​မေ့​ပျောက်​​ပျောက်​ပြန်​ဖြစ်​သွားသည်​။နောက်​တစ်​​နေ့မနက်​​ ​ကျွန်​​တော်​​ကျောင်းသို့​စော​စော ​ရောက်​လာခဲ့သည်​။ကျောင်းထဲမှာ ​ကျောင်းသားအချို့သာရှိ​သေးသည်​။ အတန်းထဲသို့လှမ်းကြည့်​လိုက်​​သောအခါ တစ်​​ယောက်​သာရှိ​သေးသည်​။ထိုတစ်​​ယောက်​က....."သူမ"။မ​နေ့ကထိုင်​သည့်​​နေရာ​လေးတွင်​ပင်​။"သူမ"ကို​တွေ့လိုက်​သည်​နှင့်​ရင်​ခုန်​သံ​တွေမြန်​လာသည်​။ကျွန်​​တော်​သူမကို စိတ်​ဝင်​စားသည်​။သူမနာမည်​၊ သူမအ​ကြောင်းသိချင်​​နေမိသည်​။ သူမပုံစံက​လေးက ပိုးဟပ်​ဖြူ​လေးနှင့်​တူလှသည်​။ ဆံပင်​ ​ဘေဘီကုပ်​ က​လေးနှင့်​ ချစ်​စရာ​ကောင်းသည်​ဟုမှတ်​ချက်​ချလိုက်​မိသည်​။"သူမ" ကိုထိုင်​ကြည့်​​နေရင်း တစ်​ဖြည်းဖြည်းနှင့်​အတန်းထဲ​ကျောင်းသားများ ​ရောက်​လာကြသည်​။ ကျွန်​​တော်​ကြည့်​​နေသည့်​အချိန်​အတွင်း "သူမ" လှုပ်​ပင်​မလှုပ်​ဟု ထင်​မိသည်​။မကြာမီ ​ကျောင်း​တက်​​ခေါင်း​လောင်းသံကြားလိုက်​ရသည်​။ဆရာမ အတန်းထဲဝင်​လာ ပြီး ​ကျောင်း​ခေါ်ကြိမ်​စစ်​သည်​။ကျွန်​​တော်​ "သူမ" ထမည့်​အချိန်​ကို​စောင့်​ကြည့်​သည်​။"မ​နေ့က ငါသတိမထားမိလိုက်​လို့​နေမှာပါ"။ယ​နေ့​တော့​ပိုပြီး ​သေ​သေချာချာ နား​ထောင်​ဖြစ်​သည်​။"သူမ"နာမည်​ကို အရမ်းသိချင်​မိသည်​ကိုး...။တစ်​​ယောက်​ပြီးတစ်​​ယောက်​ နား​ထောင်​ရင်း....ရင်းနှီး​သောနာမည်​တစ်​ခုကြားလိုက်​ရ​လေသည်​။"လင်းခန့်​".......။ဆက်​ရန်​............

linnkhant42@linnkhant42
MSC-022

"သူမ"........("She".....) | Ecency