မူးယစ်

Words
102
Reading
1 min
Listen
Play
8y

နံနက်ခင်းအိပ်ရာနိုးသည်​​​​​နှင့်​ ​ခေါင်​မိုး​ပေါ်မှ​ကျေးငှက်​က​လေးများ လမ်း​လျောက်​သံ တစ်​ဂျစ်​ဂျစ်​ကိုစတင်​ကြားရ​လေသည်​။ထိုအသံ​လေးများသည်​ပင်​ သာယာနာ​ပျော်​ဖွယ်​​ကောင်း​နေ​ချေသည်​ တမှုံ့။နံနက်​ခင်းတစ်​ခုတွင်​ ကြည်​လင်​စွာနိုးထရခြင်းသည်​လည်း မင်္ဂလာတစ်​ပါးပင်​ဖြစ်​မည်​ထင်​ပါသည်​။ယ​နေ့သည်​ အပြည်​ပြည်​ဆိုင်​ရာမူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​နေ့ဖြစ်​သည်​နှင့်​အညီ အနယ်​နယ်​အရပ်​ရပ်​တွင်​ ​မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​ဟော​ပြောပွဲများ၊ ပြပွဲများ၊ သရုပ်​ပြဖျက်​စီးပွဲများ ကျင်းပ​ကြမည်​ဖြစ်​သည်​။ကျွနု​ပ်​​နေထိုင်​ရာ မြို့နယ်​တွင်​လည်း သည်က​​နေ့တွင်​ မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး ​ဟော​ပြောပွဲကျင်းပမည်​ဖြစ်​သဖြင့်​ အခမ်း​အနားကို မြို့နယ်​ခန်းမ၌ ယမန်​​နေ့ကတည်းကပြင်​ဆင်​ထားပြီးဖြစ်​​လေသည်​။
images (29).jpeg
အခမ်းအနားပြင်​ဆင်​ပြီးဖြစ်​​သော်​လည်း လိုအပ်​သည်​များကို ထပ်​မံဖြည့်​စွက်​ရန်​အတွက်​ မနက်​​စော​စောမြို့နယ်​ခန်းမဆီသို့ ​လျှောက်​လှမ်းခဲ့​တော့သည်​။မြို့နယ်​ခန်းမဆီသို့​လျှောက်​ရာ လမ်းတစ်​​လျှောက်​တွင်​ အသိမိတ်​​ဆွေများအားနှုတ်​ဆက်​ရင်း ဤမြို့၌ကြား​နေကျဖြစ်​​သော ဆိုင်​ကယ်​​ပျောက်​မှုသတင်းကို စိတ်​မ​ကောင်းစွာကြားရပြန်​​လေသည်​။ဟုတ်​ပါသည်​။ကျွန်ုပ်​တို့မြို့တွင်​ ဆိုင်​ကယ်​များ​ပျောက်​​နေသည်​မှာ ​နေ့စဉ်​ရက်​ဆက်​ဆိုသလိုပင်​ဖြစ်​​နေ​ချေ​လေပြီ။နယ်​မြို့​လေးပင်​ ဖြစ်​​သော်​ငြားလည်း အနယ်​နယ်​အရပ်​ရပ်​မှ ခရီးသည်​များ ကားများဖြတ်​သန်းသွားလာရာ လမ်းဆုံမြို့ဖြစ်​သဖြင့်​ အ​တော်​အတန်​ပင်​စည်​ကားလှသည်​။ထိုသို့စည်​ကားမှုနှင့်​အညီ ​ကောင်းမှုမ​ကောင်းမှုမျိုးစုံပါ တွဲဖက်​လိုက်​ပါလာ​လေသည်​။မြို့​နေ လူငယ်​က​လေး​တော်​​တော်​များများသည်​ မူးယစ်​​ဆေး၏ သား​ကောင်​ဖြစ်​မှန်းမသိ ဖြစ်​​နေ​ချေ​ပြီဖြစ်​သည်​။ ထိုသို့မူးယစ်​​ဆေးစွဲခြင်း၏ အကျိုးဆက်​အဖြစ်​ ဆိုင်​ကယ်​များ​ပျောက်​ဆုံးမှုဖြစ်​​ပေါ်လာ​လေသည်​။မိသည့်အခါလည်း မိသည်​။မမိသည့်​ အခါလည်းရှိသည်​။ညအခါ၌ ​တော်​ရုံကိစ္စ​ကြောင့်​ဆိုလျှင်​ တစ်​​ယောက်​တည်းအပြင်​မထွက်​ရဲသည်​ အထိဆိုးရွားလာသည်​။ထို့​ကြောင့်​ ယ​နေ့​ဟော​ပြောပွဲကို ကျွန်ုပ်​နှင့်​ သူငယ်​ချင်းတစ်​စုဦး​ဆောင်​ကာ အထ​မြောက်​​အောင်​ကြိုးစားစီစဉ်​ ခဲ့ကြခြင်းဖြစ်​သည်​။ဤပွဲသည်​ လူငယ်​များအတွက်​နည်း​ပေးလမ်းပြ​ကောင်းများ ညွှန်​ပြနိုင်​လျှင်​ ကျွနု​ပ်​တို့အပင်​ပန်းခံစီစဉ်​ရကျိုးနပ်​​ပြီဟု ခံယူထားသည်​။အ​တွေးစများ အမျှင်​တန်းလျှက်​နှင့်​ပင်​ မြို့​နယ်​ခန်းမသို့​ရောက်​မှန်းမသိ​ရောက်​လာ​လေသည်​။အဝင်​ဝ၌ မုဒ်​ဦး "မူးယစ်​​ဆေးဝါးတိုက်​ဖျက်​​ရေး​နေ့အထိမ်းအမှတ်​​ဟော​ပြောပွဲ" ဟူ​သော​ဖောင်းကြွစာလုံးကြီးများကို ကျွနု​ပ်​အတွက်​ ဂုဏ်​ယူဖွယ်​ရာ ​တွေ့မြင်​ရပါသည်​။
161017153328-dea-schedule-1-drugs-peyote-super-169.jpg
ကိုယ်​တိုင်​​ဖော့ပြားများကိုညှပ်​ ​ဆေးသုတ်​ကာ ပြုလုပ်​ထားသည်​ဖြစ်​​သော​ကြောင့်​ ကျွနု​ပ်​အတွက်​ပိုမိုလှပ​နေသ​ယောင်​ထင်​မိသည်​။အဝင်​ဝ ကတည်းကပီတိကိုစားသုံးကာ ခန်းမအတွင်းသို့လှမ်းဝင်​လိုက်​ချိန်​ဝယ်​ ခုံများကိုအကျအန စီစီရီရီ စီ​နေကြ​သော သူငယ်​ချင်းများကို​တွေ့လိုက်​ရ​သည်​။ကျွနု​ပ်​ထက်​ပင်​ ဝိရိယ​ကောင်း​နေကြ​သော သူများ​ပေတကားဟု မှတ်​ချက်​ချမိသည်​။စိတ်​ပါလက်​ပါတက်​ကြွစွာ ပါဝင်​လုပ်​​ဆောင်​​နေကြသည်​ကို​တွေ့ရ​သော​ကြောင့်​လည်း ပိုမိုအားတက်​မိသည်​။ကျွနု​ပ်​လည်း သူငယ်​ချင်းများကိုနှုတ်​ဆက်​လိုက်​ပြီး စင်​​ပေါ်သို့တက်​ကာ မိုက်​အား စမ်းသပ်​ခြင်း၊ ခုံအ​နေအထားပြင်​ဆင်​ခြင်းနှင့်​ ​ဟော​ပြောရန်​အတွက်​ စာရွက်​စာတန်းများပြင်​ဆင်​ခြင်းတို့ကိုပြုလုပ်​​​တော့သည်​။ယ​နေ့ပွဲတွင်​ဖတ်​မည့်​စာရွက်​စာတန်းများအား အဆင်​​ချော​စေရန်​ တစ်​​ခေါက်​မျှ​နောက်​ဆုံးအ​နေဖြင့်​ ဖတ်​ကြည့်​လိုက်​သည်။.........ဆက်ရန်
linnkhant42@linnkhant42
MSC022
Credit photo .google
images (30).jpeg

မူးယစ် | Ecency