အလုပ်အတွက် ခရီးဆက်ခြင်း ၂

Words
60
Reading
1 min
Listen
Play
8y

ကြာအင်းစုကျေးရွာတွင် နှစ်ရက်ခန့်နေပြီးနောက် ကော့ကရိတ်မြို့သို့ထွက်ခဲ့သည်။ကော့ကရိတ်မှတစ်ဆင့်အာရှလမ်းမကြီးအတိုင်း မြဝတီမြို့သို့ဆက်လက်ထွက်ခွာသည်။ကော့ကရိတ်မှ မြဝတီသို့လမ်းဟောင်းနှင့် လမ်းသစ်ဟူ၍ နှစ်လမ်းခွဲထားကြောင်းသိရသည်။
ဟိုအရင် အချိန်က လမ်းဟောင်းမှသွားလာကြရပြီး အချိန်များစွာကြာမြင့်ကြောင်း၊ လမ်းကျဉ်းပြီး တောင်ပေါ်လမ်းဖြစ်သဖြင့် အတက်တစ်ရက် အဆင်းတစ်ရက်သွားလာရကြောင်းသိရသည်။မငြိမ်းချမ်းခင်အချိန်က ကားတန်းရှေ့တွင် ပွိုင့်ကားများထားရကြောင်း တိုက်ခိုက်မှုဖြစ်လျှင် ပွိုင့်ကားများက ပြန်လည်ပစ်ခတ်ကာ ဆုတ်ခွာခဲ့ရသည်များလည်းရှိသလို ရန်သူ့ဘက်မှဆုတ်ခွာသွားသည်များလည်းရှိသည်။ကားတန်းကြီးဖြစ်သဖြင့် ကားတစ်စီး စက်ချို့ယွင်းပါက ကျန်ယာဉ်တန်းများပါမထွက်ခွာပဲ ထိုကားကိုဝိုင်းဝန်းကူညီ ပြင်ဆင်ကာ တစ်စုတည်းပြန်လည်ထွက်ခွာကြသည်ဟုလည်း သိရသည်။အချင်းချင်း ရိုင်းပင်းကြသည့်သဘောဖြစ်သည်။
သို့သော်လည်း ယခုအချိန်တွင် နယ်မြေအေးချမ်းသွားပြီဖြစ်သည့်အပြင် လမ်းအသစ်သည်လည်း ကောင်းမွန်ဖြောင့်ဖြူးပြီး ပို၍လည်းနီးသဖြင့် လမ်းသစ်မှသာသွားလာကြတော့သည်။ယခင်က နာမည်ကြီးသင်္ကန်းညီနောင်သည်လည်း ယခုအခါအေးအေးချမ်းချမ်းပင်ရှိနေလေပြီ။လမ်းသစ်သည် ကတ္တရာလမ်းဖြစ်သောကြောင့် မိုးတွင်းကာလတွင်တော့ အနည်းငယ်အန္တရာယ်ရှိသည်ဟုမြင်မိသည်။ကားဘီးများ ချော်နိုင်သည်။တောင်ပြိုမည်ကိုတော့စိုးရိမ်စရာ သိပ်မလိုဟုမြင်သည်။တောင်နံရံများကို လှေကားထစ်ပုံစံ သေသေချာချာ ပြုလုပ်ပေးထားသောကြောင့်ဖြစ်သည်။
တရွေ့ရွေ့ဆက်လက်မောင်းနှင်လာရင်း မြဝတီကုန်သွယ်ရေးဇုန်ကိုတွေ့မြင်ရလေပြီ။ထိုမှတစ်ဆင့် ဆက်လက်မောင်းနှင်ရာ မကြာမီပင် မြဝတီမြို့သို့ရောက်ရှိလေသည်။မြဝတီမြို့သည် စည်ကားသောမြို့တစ်မြို့ဖြစ်သည်။တစ်ဖက်ကမ်းသို့ကူးနိုင်မည့် ချစ်ကြည်ရေးတံတားကြီးကိုလည်း မြင်ရသည်။အလုပ်ကိစ္စဖြစ်သဖြင့် နောက်တစ်ခေါက်ရောက်မှ ကူးမည်ဟု စိတ်ထဲတေးထားလိုက်သည်။
linnkhant42@linnkhant42
MSC-022
image

အလုပ်အတွက် ခရီးဆက်ခြင်း ၂ | Ecency