This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

ခေါင်းတွေယားနေလို့ စိတ်ညစ်နေသလား

lifebost(10)
Published in
#life
Words
171
Reading
1 min
Listen
Play
8y

အခုလိုနွေရာသီမှာ လူအများစု ကြုံတွေ့ခံစားရတဲ့ ဆံကေသာပြဿနာတစ်ခုကတော့ ခေါင်းယားတာပါပဲ။ ပူကပူ၊ ချွေးကထွက်နဲ့ ခေါင်းတွေက ယားလွန်းလို့ ကုတ်နေရတာကြောင့် တော်တော် စိတ်ကသိကအောင့်ဖြစ်တာမျိုး ကြုံဖူးပါလိမ့်မယ်။ ဒါမှမဟုတ်လည်း ချွေးထွက်သန်လွန်းလို့ ဆံပင်တွေ စေးကပ်ထိုင်းမှိုင်းတာ၊ ဗောက်ထတာတွေကို ကြုံကြရပါလိမ့်မယ်။ ဒီလိုဆံကေသာ ပြဿနာတွေဟာ အမှုမဲ့အမှတ်မဲ့ ထားတတ်ကြပေမယ့် နေ့စဉ်ဘ၀ကိုတော့ အနှောင့်အယှက်ပေးတာ အမှန်ပါ။ အရင်းစစ်တော့ အမြစ်ပေါ်ဆိုသလိုပဲ ဘာကြောင့် ဒီလိုဆံကေသာပြဿနာတွေ ဖြစ်လာရလည်းဆိုတာကို ဆန်းစစ်လိုက်တဲ့အခါ ဒီအချက်တွေကို တွေ့လာရပါတယ်။
5l-1.jpg
Images Credit - Original Source
နွေရာသီမှာ လေထုထဲကအစိုဓာတ် နည်းပါးလာပြီး လေထုက ခြောက်သွေ့လာတာကြောင့် အလွယ်တကူ ခေါင်းချွေးပြန်တာမျိုး ဖြစ်လာတတ်ပါတယ်။ ဒါ့အပြင် ပတ်ဝန်းကျင်တစ်ခုလုံးကလည်း ပူပြင်းခြောက်သွေ့လာတာကြောင့် မလွဲမသွေ ဖုန်တွေနဲ့ ထိတွေ့ရပါတော့တယ်။ ဒီအခါမှာ ဦးရေပြားက ခြောက်သွေ့ပြီး ဖုန်တွေနဲ့ ထိတွေ့ရတဲ့အတွက် ခေါင်းယားလာပါတော့တယ်။ ပူလွန်းလို့ ချွေးတွေကထွက်၊ ဖုန်တွေနဲ့ ထိတော့ ခေါင်းက ပိုညစ်ပတ်ပြီး ဗောက်တွေပါ ဖြစ်လာတဲ့အခါမှာတော့ ကုတ်လို့မနိုင်တဲ့ အခြေအနေကို ရောက်သွားတတ်ပါတယ်။ အလွှားလိုက် ကွာကျတတ်တဲ့ ဗောက်ဖတ်တွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း ကျဆင်းစေနိုင်ပါတယ်။ နေ့စဉ်ဘ၀မှာ ကြုံနေရတဲ့ စိတ်ဖိစီးမှုဒဏ်တွေကလည်း ခေါင်းယားစေတဲ့ ဗောက်တွေကို ပိုဆိုးစေတာမျိုး ဖြစ်စေနိုင်ပါတယ်။ ဗောက်စဖြစ်တာဟာ စိတ်ဖိစီးမှုနဲ့ မသက်ဆိုင်ပေမယ့် ဗောက်ရှိနေတဲ့အခါ စိတ်ဖိစီးမှုက ပိုဆိုးလာအောင် အားပေးအားမြှောက် ပြုနိုင်လို့ သတိထားပြီး ဂရုမစိုက်နိုင်ရင်တော့ တစ်ချိန်လုံး ကုတ်ဖဲ့နေရတဲ့ အခြေအနေကို ရောက်သွားစေနိုင်ပါတယ်။ ဒါကြောင့် ကျန်းမာရေးအတွက်လည်း မကောင်းတဲ့ စိတ်ဖိစီးမှုကို တတ်နိုင်သမျှ တိုက်ဖျက်ချေမှုန်းသင့်ပါတယ်။ စိတ်ပြေလက်ပျောက်ဖြစ်စေဖို့ အေးအေးလူလူ လမ်းလျှောက်ထွက်တာ၊ ယောဂလေ့ကျင့်တာမျိုးတွေကိုလည်း ပြုလုပ်ပေးသင့်ပါတယ်။
5l-2.jpg
Images Credit - Original Source
ပူပြင်းတဲ့နွေရာသီမှာ ကြုံရတဲ့ နောက်တစ်ခုကတော့ ဆံပင်တွေ စေးကပ်ထိုင်းမှိုင်းတာပါပဲ။ ဆံပင်တွေ စေးကပ်ထိုင်းမှိုင်းနေတဲ့အခါ လူရဲ့စိတ်ကိုပါ လေးလံတဲ့ စိတ်ခံစားမှုမျိုး ဖြစ်စေပါတယ်။ ဒီကိစ္စရဲ့ အဓိကတရားခံကတော့ ခေါင်းပုံမှန်မလျှော်လို့ပါပဲ။ ရာသီဥတုကပူလောင်နေလို့ ချွေးထွက်ရတဲ့ကြားထဲ ခေါင်းပုံမှန်လျှော်ဖို့ကိုပါ မေ့လျော့နေတဲ့အခါ ဒီလိုစေးကပ်ထိုင်းမှိုင်းမှုတွေက ကိုယ့်ဆီကို မဖိတ်ခေါ်ဘဲ ရောက်လာတတ်ပါတယ်။ ဆံပင်တွေ စေးကပ်တာဟာ လူတစ်ယောက်ရဲ့ စတိုင်လ်ကိုလည်း အင်မတန်မှ ထိခိုက်စေတာကြောင့် ဒီလိုမဖြစ်ရလေအောင် တစ်ပတ်ကို အနည်းဆုံး သုံးလေးကြိမ်လောက် ခေါင်းပုံမှန်လျှော်သင့်ပါတယ်။ ဗောက်နဲ့ ဦးရေပြား ယားယံမှု၊ စေးကပ်ထိုင်းမှိုင်းမှုတွေကို အဝေးဆုံးကိုပို့ပြီး လန်းဆန်းပေါ့ပါးတဲ့ ဆံကေသာကို လိုချင်တယ်ဆိုရင်တော့ ကိုယ်အမြဲသုံးနေတဲ့ ခေါင်းလျှော်ရည်ကို ရွေးသုံးဖို့လည်း လိုအပ်ပါတယ်။ ဗောက်တွေကို အပြီးသတ် နှိမ်နင်းနိုင်ပြီး ဦးရေပြားယားယံတာတွေ၊ ဆံသားစေးကပ်ထိုင်းမှိုင်းတာတွေကို ကာကွယ်ပေးနိုင်တဲ့ ခေါင်းလျှော်ရည်မျိုးကို ရွေးချယ်သင့်ပါတယ်။
5l-3.jpg
Images Credit - Original Source

ခေါင်းတွေယားနေလို့ စိတ်ညစ်နေသလား | Ecency