ကျနော်တို့အားလုံး လူအများချစ်ခင်ရိုသေလေးစားရသော
လူတစ်ယောက်ဖြစ်ခြင်ကြပါတယ် ။
သို့ပေမယ့်လည်း ••••••
ချစ်ခင်ရိုသေလေးစားခြင်းခံရသော
အကြောင်းတရားများကိုတော့
လူတိုင်းလုပ်နိုင်ဖို့ ခက်ခဲဝန်လေးနေတတ်ကြပါတယ် ။
သူငယ်ချင်းမိတ်ဆွေအားလုံးထဲမှာပဲ ဖြစ်ဖြစ်
ကိုယ့်ရဲ့အလုပ်ထဲမှာ ကိုယ်ကလူချစ်လူခင်များသော
သူတစ်ယောက်ဖြစ်ချင်တယ်ဆိုရင်
ဒီလိုစိတ်နေစိတ်ထား အမူယာလေးရှိဖို့
လိုအပ်ပါတယ် ။
လူအများချစ်ခင်ရိုသေလေးစားခြင်းခံရသောသူတို့သည်
မိမိ၏စိတ်ကို ကိုယ့်အပေါ်မှာ လွန်စွာအလိုမလိုက်
တစ်ပါးသောသူတို့၏အလိုကို လွန်စွာသိတတ်ကြလျှက်
မိမိအတွက် အခြားလူများ၏အပေါ်တွင်
စိတ်လက်ငြိုငြင်ဆင်းရဲအောင်မပြုတတ်ကြ ။
လူအများချစ်ခင်ရိုသေလေးစားခြင်းကိုခံရသောသူတို့သည်
အခြားသောသူတို့၏ အပြစ်များကို ကွယ်ရာမှာပြောဆိုခြင်းကိုမပြု
မိမိကိုယ်ကိုယ်လည်း ထူးမြတ်သောပုဂ္ဂိုလ်ဟု သဘောထား အသံ
စကားများကိုလည်း အသုံးမပြု မပြောဆိုတတ်ကြပေ ။
ဤကဲ့သို့သော စိတ်နေသဘောထား ဖြူစင်သောသူတို့သည်သာ
လူအများချစ်ခင်ရိုသေလေးစားခြင်းကို ခံရသောသူဖြစ်ပါသည် ။
လူအများချစ်ခင်ရိုသေလေးစားရသောသူတစ်ယောက်ဖြစ်လိုလျှင်
အထက်၌ဖော်ပြခဲ့သော စိတ်နေစိတ်သဘောထားလေးကို
ကြိုးစားလေ့ကျင့်ဖို့ လိုအပ်ပါသည် ။
@letwethondara
photo from facebook