(၃၈) ဖြာမင်္ဂလာတရားများစွာထဲမှ
အသေဝနာစ ဗာလာနံ လူယုတ် လူမိုက်ကို မမှီဝဲမပေါင်းခြင်း ။
ပဏ္ဍိတာနဉ္စ သေဝနာ ပညာရှိသူတော်ကောင်းကိုမှီဝဲပေါင်းသင်းရခြင်း
သည် မင်္ဂလာမည်၏ ။
လူမိုက်လူယုတ်မာကို ပေါင်းသင်းဆက်ဆံခြင်းသည်
ယခုမျက်မှောက်ပစ္စုပ္ပန်ဘဝ၌လည်းမကောင်းသလို
နောင်သံသရာခရီးအတွက်လည်း ဝန်လေးစရာဖြစ်ပါတယ် ။
ပညာရှိသူတော်ကောင်းကို ပေါင်းသင်းမှီဝဲဆည်းကပ်ခြင်းသည်
ယခုပစ္စုပ္ပန်ဘဝ၌လည်းအကျိုးစီးပွားကိုဖြစ်ထွန်းစေသလို
နောင်သံသရာဘဝခရီးအတွက်လည်း ကောင်းကျိုးများစွာကိုဖြစ်ပေါ်စေ၏ ။
ရေထဲသိုဆီလောင်းထည့်လျှင် ဆီကအပေါ်မှာနေမည်ဖြစ်ပြီး
ဆီထဲသို့ရေလောင်းထည့်ပြန်လျှင်လည်း ဆီကသာအပေါ်က
နေမည်ဖြစ်သည် ။
စိတ်ထားမြင့်မြတ်သူနှင့် ယုတ်မာသူတို့တွင်လည်း
စိတ်ထားမြင့်မြတ်သော ပညာရှိသူတော်ကောင်းကသာလျှင်
ယုတ်မာသောသူထက် ဘယ်အခါမဆို အမြဲတမ်း
အဆင့်တန်းမြင့်နေမည်ဖြစ်သည် ။
ထို့သို့ဖြစ်သောကြောင့် ကျွန်ပ်တို့သည် စိတ်ထားမြင့်မြတ်ရန်
လိုအပ်ပေသည် ။
ကျွန်ပ်တို့၏ ဘဝတွေ ကောင်းဖို့ သူမိုက်သူယုတ်မာကိုမပေါင်းသင်းဘဲ
ပညာရှိသူတော်ကောင်းကိုသာလျှင် မှီဝဲပေါင်းသင်းကြပါစို့ ••••• ။
@letwethondara
photo from facebook