စိတ်ကောင်းထားပါ ချစ်မိတ်ဆွေ

Words
67
Reading
1 min
9y
Listen to this post
~1 min

image
လူတစ်ယောက်ကို ••••

အထင်သေး ဝေဖန်ပြစ်တင် ရှုံ့ချတတ်သောစိတ်ရှိခြင်းဟာ
သင့်၏ အားနည်းချက်ဖြစ်ပြီး

ခွင့်လွတ်သည်းခံ စာနာ နားလည်ပေးတတ်သောစိတ်ရှိခြင်းဟာ
သင့်ရဲ့ အားသာချက်ဖြစ်သည် ။

ဒေါသအားကြီးလျှက် ကြမ်းတမ်းခက်ထန်စွာ ပြောဆို
ဆက်ဆံတတ်သော စိတ်ရှိခြင်းဟာသင့်ရဲ့ အားနည်းချက်ဖြစ်ပြီး

နုညံ့သိမ်မွေ့လိမ္မာပါးနပ်စွာပြောဆိုဆက်ဆံတတ်သောစိတ်ရှိခြင်းဟာ
သင့်ရဲ့အားသာချက်ဖြစ်ပါသည် ။

အလုပ်မလုပ်ဘဲ ချမ်းသာကြီးပွားချင်သောစိတ်ရှိခြင်းဟာ
သင့်ရဲ့ အားနည်းချက်ဖြစ်ပြီး

အလုပ်ကြိုးစားလျှက်ရည်မှန်းချက်ထားပြီး ချမ်းသာကြီးပွားချင်သော
စိတ်ရှိခြင်းဟာ သင့်ရဲ့ အားသာချက်ဖြစ်ပါသည် ။

ချင့်ချိန်တိုင်းတာပြီး ငွေကိုမသုံးဘဲ အသုံးဖြုန်းကြီးသောစိတ်ရှိခြင်းဟာ
သင့်ရဲ့အားနည်းချက်ဖြစ်ပြီး

ချင့်ချိန်တိုင်းတာပြီး လိုအပ်သောအခါမှသာလျှင် ငွေကိုအသုံးချချင်သော
စိတ်ရှိခြင်းဟာ သင့်ရဲ့ အားသာချက်ဖြစ်ပါသည် ။

အကောင်းတွေချည်း မျှော်လင့် စောင့်စားနေတတ်သောစိတ်ရှိခြင်ဟာ
သင့်ရဲ့အားနည်းချက်ဖြစ်ပြီး

အဆိုးတွေတွေ့ကြုံလာခဲ့ရင်လဲ ကြမ့်ကြမ့်ခံရင်ဆိုင်ဖြတ်သန်းချင်သော
စိတ်ရှိခြင်ဟာ သင့်ရဲ့အားသာချက်ဖြစ်ပါသည် ။

သူတစ်ပါး၏ အားနည်ချက်ကို ရှာကြံ အပြစ်တင်သောစိတ်ရှိခြင်းဟာ
သင့်ရဲ့အားနည်းချက်ဖြစ်ပြီ

သူတစ်ပါး၏ အားနည်းချက်ကို ဖေးမကူညီဖြေရှင်းတတ်သော
စိတ်ရှိခြင်းဟာ သင့်ရဲ့အားသာချက်ဖြစ်ပါသည် ။

letwethondar@letwethondar
myanmar beautiful photo

စိတ်ကောင်းထားပါ ချစ်မိတ်ဆွေ | Ecency