ပဲသီး(ခေါ်) ပဲတောင့်ရှည်ကို အားလုံး သိပီးသားဖြစ်မယ်ထင်ပါတယ်ဗျ။ ပဲတောင့်ရှည်ကတော့ ရာသီစာလိုမျိုးတော့မဟုတ်ပါဘူးဗျ။ ဒါပေမဲ့ တစ်နှစ်ပတ်လုံး ရရှိနိုင်ပါတယ်။ အစိမ်းရောင်ရှိသော ဟင်းသီးဟင်းရွက်မျိုးဖြစ်ပါတယ်ဗျ။ ပဲတောင့်ရှည်ရဲ့ အရွယ်အစားကတော့ မျိုးစိတ်အပေါ်မူတည်ပီး အတိုအရှည် ကွာခြားမှာဖြစ်ပါတယ်ဗျ။တစ်ချို့ ပဲတောင့်တွေကတော့ သိပ်မရှည်တာလည်းရှိပါတယ်ဗျ။
ပဲတောင့်ရှည်မှာ ကယ်လိုရီဓါတ်သိပ်မပါဝင်တဲ့အတွက် ခန္ဓာကိုယ်အလေးချိန်ကို မတက်စေပါဘူးဗျ။ မကြာမကြာစားသုံးနိုင်ပါတယ်။ ဘေးထွက်ဆိုးကျိုးလည်း ပူစရာမလိုပါဘူးဗျ။ ဗီတာမင်များကတော့ အများကြီးပါဝင်ပါတယ်ဗျ။ ဓါတ်တိုးဆန့်ကျင်ဓါတ်လည်းပါဝင်ပါတယ်။ ကင်ဆာရောဂါအမျိုးမျိုးကိုလည်း ကာကွယ်ပေးပါတယ်ဗျ။ နောက်ပီး ပြင်ပမှ ရောဂါများ အလွယ်တကူ မဝင်ရောက်နိုင်အောင်လည်း ကာကွယ်ပေးပါတယ်ဗျ။ အရွယ်တင်နုပျိုစေပါတယ်။ နှလုံးရောဂါ၊ နှလုံးသွေးကြောနှင့်ဆိုင်သော ရောဂါများကိုလည်း ကာကွယ်ပေးပါတယ်ဗျ။
photo from google search