လမင်း..💞💞သို့

kyi(56)
Published in
#myanmar
Words
81
Reading
1 min
Listen
Play
9y

image

လမင်းရေ..💕💞
မင်းက ကိုယ့်တွက်သာတာ
မဟုတ်ဘူး ဆိုမှပဲ
မင်းကိုမြင်တိုင်း ငါ့ရင်ထဲ
နွေးထွေးတယ်..။
ကိုယ့်ဖက်က အချစ်စစ်မှန်တိုင်း
လွဲနေဆဲ..မလို့
အချစ်စစ်ဆိုတာ ကိုယ့်တွက်တော့
ကျိန်စာတစ်ခုအလားပါပဲ..။
လမင်းရေ...💔💔
ကိုယ် ဒီရေဖြစ်ခွင့်ရချင်တယ်
အလွမ်းဆိုတာ ခါးသီးလွန်းလို့
မင်းနဲ့ အနီးဆုံးကိုလာပါရစေ..။
အချစ်ဆိုတာ..
တစ်ဖတ်သက်ပဲဖြစ်ဖြစ်
နှစ်ဦးနှစ်ဖက်ပဲ ချစ်ချစ်
ချစ်နေကြဖို့ပဲ အရေးကြီးတာပဲ
မဟုတ်လား....။
လမင်း..ရေ💞💕
ရင်ထဲ က သတိရခြင်းတွေ
မှောင်မိုက်လာချိန် မင်းကို
မြင်လိုက်ရရုံနဲ့
ဒီရေလို အချစ်တွေ
တရိပ်ရိပ်တက်လာနေခဲ့ပြီ...။
သိပ်ခက်တယ် လမင်းရယ်
ချစ်မိပြီးမှတော့
ကိုယ့်ပျော်ရွှင်မူ့ထက်
မင်းပျော်ရွှင်စေဖို့က
အဓိက ဖြစ်လာခဲ့ပြီ..။
ရှိပါစေတော့ လမင်းရေ..
အချစ်နဲ့ပတ်သတ်လာရင်
ကိုယ်ဆိုတာ ဘယ်တုံးကမှ
ဆုတောင်းတွေ ပြည့်ခဲ့ဖူးသူ
မဟုတ်ခဲ့ဘူးလေ....။
လမင်းရေ....💝💝💞
ဝေးကွာသွားရတဲ့ အချိန်တိုင်း
ကိုယ်ရပ်စောင့်ပါရစေ
ကိုယ့်ကံကိုက မင်းအလင်းမြင်ရမှ
မင်းအနား အနီးဆုံး
လာနိုင်မဲ့ ဘဝမလို့
ဘယ်တော့မှ မိုးမလင်းချင်ဘူး
လမင်းရေ...💞💞💞။

(လမင်း သည် နာမ်စားတစ်ခုဖြစ်ပြီး ၄င်းသည် ကောင်ကလေး တစ်ယောက်အား ရည်ရွယ်ပါသည်😋😋)

Author kyi@kyi
Msc no 050
Photo by facebook

image

လမင်း..💞💞သို့ | Ecency