This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အမေရဲ့ မေတ္တာ

Words
138
Reading
1 min
9y
Listen to this post
~1 min

အမေရဲ့ မေတ္တာ

ကမ္ဘာလောကကြီး တစ်ခုလုံး မှာ မင်းအချစ်ရဆုံး လူတစ်ယောက်ကို ပြပါဆိုလျှင် ကျွန်တော်သည် အမေကိုသာ လက်ညိုးထိုး ပြပါမည်။

ဘာကြောင့်လဲ မေးရင် ကျွန်တော်တွင် ဖြေစရာများ အသင့်ရှိပါသည်။

အမေသည် ကျွန်တော် လသား အရွယ်မှာ အဖေဆုံးပါးသွားခဲ့ပါတယ်။

အမေ ဟာ အဖေမရှိတဲ့ နောက်ပိုင်းမှာ တစ်ကိုယ်တည်း ရပ်တည်ပြီး ပင်ပင်ပန်းပန်းနဲ့ လုပ်ကျွေး

ခဲ့ရပြီးလူတန်းစေ့ နေနိင်ဖို့ အတွက် ကျွန်တော်တို့
ညီအကို နှစ်ယောက်အား မျက်နှာ မငယ်အောင် အများနည်းတူ မနေနိင်တောင် အောက်မကျအောင်ထားခဲ့ပါတယ် ။ နောက်အိမ်ထောင်ပြုဖို့လဲ စိတ်ကူးမျှပင် မထားခဲ့ပါချေ။

အတန်းပညာမှာလဲ အောက်မကျအောင်ထားခဲ့ပါတယ်။

သို့သော် ……

ကျွန်တော်မှာ အတန်းပညာကို စိတ်မဝင်စားချေ ကျွန်တော်က အတန်းပညာထက် စာအုပ်စာပေ များသာ ဖတ်ပြီး လက်မူ့ပညာလဲ ကိုယ်ကြိုက်နစ်သက်ရင် သင်ကြားရတာသာ စိတ်ဝင်းစားခဲ့လေသည်။

အမေက မတားမြစ်ခဲ့ပါ ကိုယ်ကြိုက်နစ်သက်ရာ ပညာကို သင်ယူစေပြီး ဘေးကနေ ထောက်ပန့်ပေးဖို့ သာ တွေးထားခဲ့တာပါ။

အမေတို့ရဲ့ မေတ္တာသည် စမ်းရေပမာလို အေးမြတယ်တဲ့ ဟုတ်ပါသည် အမေ မေတ္တာသည် လောကမှာ အမြတ်ဆုံးနဲ့ အအေးမြတ်ဆုံးသာဖြစ်လေသည်။

လူတို့သည် သဘောထား ကွဲလွဲတတ်ကြ၏ တချို့လူများသည်
အမေသည် သူတို့ အတွက် ထမင်းအိုးကြီးဖြစ်သလို
သူတို့ဒုက္ခအတွက် ခံတံတိုင်းကြီးအဖြစ် မှတ်နေလေသည်။

ထို့သူများအား ကျွန်တော် အရမ်း အံ့သြမိပါရဲ့
တချို့က အမေက အဖေဆုံးသွားဤ တစ်ကိုယ်တည်း မရပ်နိင်တာကြောင့် နောက်တစ်ယောက်ထပ်ယူကြသည်မှာ သဘာတရား မဟုတ်လား ဒါကိုလဲ အပြစ်ဟု မဆိုသာ ကိုယ်ပြေလည်ရာ ပြေလည်ကြောင်း လုပ်ချင်သာဖြစ်သည် ဘာပဲဖြစ်ဖြစ် အမေသည် သားသမီးတို့ အပေါ်၌ မေတ္တာတရား မပျက်ပါ

သားသမီးတို့လဲ အမေအပေါ်၌ မကောင်း မမြင်စေချင်ပါ ဘာကြောင့်ဆို အမေသည်။ အမြတ်ဆုံးသော် မိခင်တစ်ယောက်ဖြစ်လေသည်။
Screenshot_20180322_161837.png

ကျွန်တောပြောသော အကြောင်းရာသည် မည်သူကိုမျှ ထိခိုက်လိုစိတ် တစ်စက်မှ မရှိပါ တိုက်ဆိုင်မူ့ ရှိသွားရင် ခွင့်လွတ်ပြီး ကျေးအေးပါဆေးကြောင်းပြောပါစေ။

photo credit facebook
(Author) kyawzinhtet@kyawzinhtet

အမေရဲ့ မေတ္တာ | Ecency